Tuesday, October 20, 2015

ပူ​လောင်​​နေတဲ့ငါ့နလုံးသာ

Edit Posted by with No comments

ပူလောင်ရှရှ အလွမ်း”
ငါ့ရင်ခွင်ဟာ
နွေမဟုတ်လဲ
မီးခဲတမျှပူလောင်လို့
ဒီရေ တတ်ချိန် မဲ့ခဲ့ပြီ….

ငါ့ရင်ခွင်ဟာ
နေမဟုတ်လဲ
ရေပြင်ပွက်ပွက်ဆူ ပူလောင်လွန်းလို့ 
အဏ္ဍဝါလည်း ခမ်းခဲ့ပြီ…..
ငါ့ရင်ခွင်ကို ဘယ်လိုငြိမ်းငြိမ်း
ငရဲမီးလို ပူလောင်
ဒီအလွမ်းတွေ လောင်စာမြိုက်
နင့် အသိမှာရှိလေမလား…..
သြော်…..အချစ်ရယ်
ထာဝရ ထက်တစ်ရက်ပိုလို့ 
ချစ်ခဲ့မိပါတယ်…..
ပူလောင်ရှရှ အလွမ်းတွေ
ငါ…ရ ရှိခဲ့လေသလား
ကံကံရဲ့အကျိုးကို
မေးလိုက်ချင်ရဲ့
ငါ စိုက်ခဲ့တဲ့ ပန်းသီးပင်
ဆူးခတ်တွေ
အဖြိုင်ဖြိုင် နဲ့ 
ငါ့အသဲကို
ထိုးဆွနေလိုက်တာ
နည်းနည်းလေးမှ
ရုန်းမရပါလားနော်။ ။
                    



ကျ​နော်​ရဲ့ကဗျာနန်​​တော်

0 comments:

Post a Comment