နှလုံးသားက ခါးသီး
ရင်ထဲမှာ နာကျည်းနေခဲ့ရတဲ့
နေ့ ရက်တွေ
ကျွန်တော် မှာ မနည်းတော့ပါဘူးအမေ။
ကျွန်တော်ရဲ့ ဘဝ ဒိုင်ယာရီ
မှင်နီတွေ နဲ့ ပြည့်နှက်လို့ 
သူတင်မက
အရောင် မျိုးစုံပါ
ခြယ်သမိခဲ့ပါပြီ။
အမေ......
ကျွန်တော်လေ
ငြိမ်းချမ်းရေး
ပန်းတွေ ....ပန်းတွေ....
ပျိုးနေမိတာ
ပစ္စက္ခ ရာသီထဲမှာ
မနည်းတေယ့ပါဘူး
ပန်းတွေပွင့်ရင်လား အမေ
ကမ္ဘာမြေကြီး ပန်ဆင်စေဖို့ ပေါ့။
ဘဝ မှာ
ကိုယ်ဖြစ်လိုရာ ကို ဖြစ်ခွင့်ရနိုင်တဲ့
ငွေတွေ ....ငွေတွေလေ.....
အမေရယ်..
သား မကောက်ချင်ပါဘူး
ဒါပေမယ့် သားကောက်ခဲ့ရပါတယ်အမေ
သား ပျောက်ခဲ့ရပါတယ်အမေ
ရိုးရိုးသားသား နဲ့ပေါ့ အမေရယ်....
အမေရယ်...
ဖိတ်ဖိတ်လက်
လရောင်အောက်မှာ
ကွက်တိကွက်ကျား လ သာနေရသူပါ။
လူတယောက်မှာ
ပါးစပ်ထဲကလိုသလောက်
လိုသလို ဆွဲထုတ်လို့ရတဲ့
( ပိုက်ဆံမပေးရတဲ့ )
စကားတောင်မှ
( တကယ်တမ်း )
မပြောနိုင်သေးသူပါ....အမေရယ်...
အမေရယ်...
အေးမြလှတဲ့ လရောင်အောက်မှာ
ပူကျွမ်းလောင်အက်နေရတဲ့
အမေ့သား
ဘဝ ဆိုတာ စကတည်းက
တစ်ဖဝါးမှ မနားခဲ့ရသူပါအမေ။
လွပ်လပ်မှုကို ( သူများထက် )
လိုချင်မက်မော တပ်မက်မိခဲ့ပေမယ့်
ငွေစကြေးစတွေက
ကျွန်တော်ကို ချူပ်နှောင်
ဒီ ဘဝ ခရီးတလျှောက်မှာ
လူတန်းစေ့နေထိုင်မှုတဲ့
ကျွန်တော်ကို
ဖျားနာသမှုပြုခဲ့ပါပြီ အမေရယ်....
သက်ပြင်းလေးလေးလံလံတွေကိုသာ
အခါခါမျိုချရင်း
အဆုံးမရှိပါရစေနဲ့
လူတစ်ချို့ က
ကျွန်တော်ပြောတဲ့ စကားတွေကို
နားထောင်လို့တော့ကောင်းသားပဲ တဲ့အမေရယ်...
ပြောရက်လိုက်ကြပုံတွေလေ
ဓာတ်ပြားဟောင်းတော့မဟုတ်ပါဘူးအမေရယ်...
ဒါ..အက်ကြောင်းခပ်တုံးတုံးနဲ့ 
သွေးဆုံးနေတဲ့ အမှန်တရားလေ
သူ လူလားတောင်မမြောက်ခဲ့ပါဘူး။
ဒါနမပါ သေခါမှသိတဲ့
ဖိနပ် နဲ့ ထီးမပါ နွေခါမှသိတဲ့ အမေ
အမှန်တရားမပါ
ဘယ်ခါသိမလဲအမေ
သစ္စာတရားမပါ
ဘယ်ခါသိမလဲအမေ
နေပူကျဲကျဲမှာ
ဖိနပ် နဲ့  ထီး မပါပေမယ့်
သစ္စာတရားတော့ ပါစေချင်သေးတာပေါ့အမေရယ်...
သံသရာ ခရီးမှာ
ဒါန နဲ့ သီလ တို့ မပါပေမယ့်
အမှန်တရားတော့ ပါချင်သေးသပေါ့ အမေရယ်...။
သားလေ.....
ဘာဝနာတွေ ပွားမနေချင်ပါဘူး
အမေ.... ဒါပေမယ့်လေ
စေတနာတွေများနေချင်သေးပါတယ်။
သံသရာခရီးမှာ
ပန်းတွေပွင့်လို့ 
ကမ္ဘာကြီး စွန်းထင်းမသွားပါဘူး အမေ
ပိုပြီး လှပ ပျော်နေဖို့ ကောင်းသွားမှာတော့
အမှန်ပါပဲလေ....
ရဲရဲ ဝံ့ဝံ့
ပွင့်ကြပါစေ
ပန်းတွေ
ပွင့်ပါစေ....ပွင့်ပါစေ.....
အမေရယ်....။
ပန်းတွေ လွပ်လွပ်လပ်လပ်
ပွင့်ပါစေအမေရယ်....
တချို့ အိမ်မက်တွေက
အဆိပ်တွေဖြစ်လို့  အမေရယ်...
မိမိကိုယ်မိမိ
ပြန်အဆိပ်သင့်နေပါပြီ။
မနိုင်ဝန်တွေကိုထမ်းပိုး
အိမ်မက်ခါးရှရှတွေကို သယ်ပိုး
က့ကြမ္မာ လမ်းဆိုးဆိုးမှာ
ကိုယ်လက်ဖျား ကိုယ်တောင်
ပြန်မမြင်နိုင်တဲ့
အမှောင်ခန်းကျဉ်းလေးထဲမှာ
နံရံလေးတချပ်
ဘဝ ရယ်ပါ ....အမေရယ်....
မှောင်မိုက်နေလိုက်တာကလဲ
ဘာကိုမှ မမြင်ရလောက်အောင်အထိပါပဲလားအမေရယ်.....
ဘဝ ရဲ့ စာမျက်နှာလေးတရွက်ကို
စ လှန်မိတယ်ဆိုရင်ပဲ
ခါးသီးခဲ့ရပါပြီအမေရယ်....
(ခံစားတတ်လွယ်တဲ့ )
အမေ့သားအဖို့ 
နာနာကျည်းကျည်း
လူတွေကို မုန်းတီးတဲ့စိတ်
ဝင်နေခဲ့ပါပြီ..အမေ
ကျွန်တော်ဟာ
လူသားတစ်ယောက်မှ ဟုတ်သေးရဲ့လား
အမေ
တစ်ခါတစ်ခါ ကျွန်တော်စဉ်းစားမိပါတယ်
လူတွေက
လူတွေအချင်းချင်း
တန်ဖိုးမထားချင်ကြတော့ဘူးအမေရယ်...
လူသားဝါဒကို ဦးထပ်ထားတဲ့
သား အဖို့ 
လူလူချင်း တန်ဖိုးမထားတဲ့
နေရာတွေမှာ
နေလို့ မပျော်တော့ပါဘူးအမေရယ်...။
နောက်မဆုတ်တော့ဘူးအမေ
ကျွန်တော် နောက်မဆုတ်တော့ဘူးအမေ။
အသံကုန်အော်ပြောလိုက်ချင်ပါရဲ့
ကျွန်တော်နောက်မဆုတ်တော့ဘူး လို့ ...အမေ
ဘဝဟာ လှပရဲရမယ်
ဘဝ ဟာ
အျမားသောက်တဲ့
မိုးခါးရေ မဖြစ်သင့်ဘူး
အဲ့ဒီလို ခံယူချက်တွေ နဲ့
ကျွန်တော် မာန တွေဟာ
အထိပါးမခံတဲ့
ရွှေသားစစ်စစ်တွေသာဖြစ်ခဲ့
ဖြစ်နေဆဲပါအမေရယ်...
လူတစ်ဖြစ်မှာ
မျိုးဆက်တွေဟာ
ချန်ထားဖို့ လား
ယူသွားဖို့လားဆိုတာ
သေချာပါသလားလို့
မေးပါရစေ အမေရယ်....
လူတွေက
မသေချာတဲ့
သံသရာကြီးမှာမှ
ရင်းနှီးချင်နေကြတယ်အမေရယ်....။
သေချာတဲ့ လူ့ စွမ်းအင်
မြှင့်တင်ဖို့ ကြတော့
လူတွေက လက်ရှောင်ကြတယ်
ပေါက်ကောင်တွေမဖွင့်ခဲ့ဘူး အမေရယ်.....
ဘဝ တွေ...ဘဝ တွေဟာ
ပိန်းပိတ်အောင်
မည်းမှောင်နေတုန်းပါပဲအမေရယ်...
နေရာကွက်ကျား လင်းနေတာက
လူတွေမှ ဟုတ်ရဲ့လားအမေရယ်....
ဘဝမှာ
ဆက်ဆံပုံအမျိုးမျိုးတွေက
ကျွန်တော်ကို စိတ်ခုစေခဲ့ပြီ အမေ
မတရားဘူးထင်ရင်
သည်းညဉ်းမခံတတ်တဲ့
ကျွန်တော်ရဲ့ရင်ကို
( အခုထိတော့သီးခံနေရတုန်း )
သေစာရင်းထဲ
သွင်းထားရပါတယ်အမေရယ်.....။
ဒါပေမယ့် အမေရယ်
ဘယ်သူတွေက အကောင်း
ဘယ်သူတွေက အဆိုး ဆိုတာ
အချိန်ကာလက ဓါးသွားအဖြစ်နဲ့
စကားပြောဖြစ်မှာပါ အမေ။
ရုန်းရင်းကန်ရင်း
နှောင်ကြိုးတွေက ပင့်ကူမျှင်လို
ပိုလို့ စေ ယှက်နှောင်ဖွဲ့ လာပါလား အမေရယ်....
ရုန်းမထွက်နိုင်သေးတဲ့ ဘဝ ဟာ
ဝမ်းနည်းစရာကောင်းလောက်အောင်ကို
ဝမ်းနည်းကြေကွဲခဲ့ရပါတယ်အမေ
အနိုင်ကျင့်တတ်ခြင်း နဲ့ အပ
လူပါးဝ တတ်ခြင်း ဆိုတဲ့
အတတ်ပညာ
ဒီနှစ်ခုမတတ်ခဲ့တာ သေချာပါတယ်အမေ
ဒါပေမယ့် ကျွန်တော်
နေ့ စဉ် ထမင်း နှစ်နပ် စားပါတယ်အမေ။
ကျွန်တော်လေ
နေထိုင်ခြင်းတွေအပေါ်
ဘာတစ်ခုမှ ထပ်တူမပြုခဲ့ပါဘူး။
ဒီအတွက်နဲ့ 
ကျနော်ရဲ့ကဗျာနန်တော်
0 comments:
Post a Comment