Saturday, October 24, 2015

မိန်းမမြတ်​...........

Edit Posted by with No comments

မိန်းမမြတ်
**********
▬▬▬▬▬▬☻▬▬▬▬▬▬
တက်တူးထိုးတိုင်း
မိန်းမပျက် မဟုတ်ပါဘူး
ဒါပေမယ့်
ဂုဏ်သရေရှိမိန်းမပျိုတိုင်း
တက်တူး မထိုးကြဘူး....

ဆံပင် ဆေးရောင်စုံဆိုးတိုင်း
မိန်းမပျက် မဟုတ်ပါဘူး....
ဒါပေမယ့်
အဆင့်အတန်းရှိတဲ့ မိန်းမပျိုတိုင်း
ပိတုန်းရောင်ကေသာလေးနဲ့ လှကြတယ်...

အတိုအဟိုက်တွေ ဝတ်တိုင်း
ပေါ့ပျက်ပျက်မိန်းမ မဟုတ်ပါဘူး....
ဒါပေမယ့်
မိကောင်းဖခင် သားသမီးတိုင်း
လျပ်ပေါ်လော်လီ မဝတ်ကြဘူး.....

အရက် ဘီယာ သောက်တိုင်း
အပေါစား မိန်းမ မဟုတ်ပါဘူး....
ဒါပေမယ့်
ဗုဒ္ဓဘာသာစစ်စစ် မိန်းမမြတ်မှန်ရင်
ကံငါးပါးကို မကျူးလွန်ကြဘူး....

ချစ်သူ ရည်းစားများတိုင်း
အပေါစား မိန်းမ မဟုတ်ပါဘူး.....
ဒါပေမယ့်
မိန်းမကောင်းပီသတဲ့သူတိုင်း
ပန်းကောင်းတစ်ပွင့်ပဲ ပန်တယ်......

မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ
သူ့လက်ထဲမှာ....
မိန်းကလေးတစ်ယောက်ရဲ့စာရိတ္တဆိုတာ
သူ့လက်ထဲမှာ.....

ရေအိုင်အဆင့်လောက်ပဲရှိရင်
တွေ့သမျှလူတိုင်း ခြေဆေးခံရတတ်တယ်....

ဇရပ်အဆင့်လောက်ပဲရှိရင်
သူတောင်းစားလည်း လာအိပ်နိုင်တယ်....

လူမိုက်များလေလေ
ပညာရှိ တန်ဖိုးတက်လေလေ....

မိန်းမပျက်များလေလေ
မိန်းမကောင်းလေးတွေ တန်ဖိုးတက်လေလေ....

ဒါဟာ ခေတ်ရေစီးကြောင်းဆိုရင်
ခေတ်ပျက်လာတာကို လက်ခံပါ....
ယနေ့ခေတ်
မြန်မာပြည် လူဦးရေ သန်း ၆၀ ကျော်
မိန်းကလေးဦးရေက
ယောကျာ်းလေးဦးရေထက် အရမ်းများပါတယ်
ဒါပေမယ့် ညီမလေးရေ
မိန်းမတွေပေါတယ်
မိန်းမကောင်း မိန်းမမြတ်တွေ ရှားလာပြီ
သင့်တန်ဖိုးကို သင်ကိုယ်တိုင် ဈေးဖြတ်ပါ !
တန်ဖိုးမဲ့တဲ့ မိန်းကလေးစာရင်းထဲ
ညီမလေး မပါစေနဲ့......
စေတနာဖြင့် .......။



ကျ​နော်​ရဲ့ကဗျာနန်​​တော်

0 comments:

Post a Comment