Wednesday, October 7, 2015

ချစ်​သူအတွက်

Edit Posted by with No comments
ချစ်သူ့အပြုံး ရင်ထဲမှာ ပြောပြချင်တယ် မမောတမ်းသာ ချစ်စကားကို ထွေးကာပိုက်ကာ ထားချင်ပါတယ် မောင့်ရင်ခွင်မှာ အမြဲတမ်းကွယ်။ စိုးရိမ်မိတယ် ချစ်တဲ့သူကို အနေဝေးလို့ စိမ်းသွားမှာကို။ ချစ်ခဲ့ပါသည် သူတစ်ယောက်ကို ရင်ထဲအသဲနင့်အောင်။ ချစ်သူမျက် နှာလပြည့်ဝန်းလို ကြည်လင်ဝင်းပသူ့အလှ။ ။ ကေသာနက်မှောင် ပိတုန်းကောင်လို ဥဒေါင်းပမာဆံကေသာ။ ။ ချစ်သူ့အပြုံး ရင်ခုန်နှုန်းမြန်။ ။ ကိုချစ်


 အကြင်နာမဲ့ပန်း ချစ်ခွင့်မရ ငါ့ဘ၀မှာ နွေမှာဆွေးတဲ့ ရွှေဥသြလို
 အဖော်ကွဲကာ ငါတစ်ယောက်ထဲ မျက်စိသူငယ် နားသူငယ်နဲ့ လောကအလယ်မှာ........
.... သြော် ........
.ငါတစ်ယောက်ထဲပါလား။ ပန်သူမဲ့ပန်း ငုရွှေဝါလို အဝေးကပဲ လှတယ်ပြောတယ် တကယ်ကြတော့ မပန်ဆင် ငါ့ဘ၀လည်း ငုလိုပါပဲ ပန်သူမဲ့တဲ့ အညတြရပန်းပါ မိုးကောင်းကင်က ကြယ်တွေကို အန်တု လမင်းကြီးကို ဖက်ပြိုင်ကာ အ
လင်းရောင်တွေ အစွမ်းကုန်ထုတ်တဲ့ ပိုးစုန်းကြူးလို လမ်းပြကြယ် ငါဟာ မင်းရဲ့ လမ်းပြကြယ်လေး ဖြစ်ခွင့်ရချင်တယ်။...........

.။ ကိုချစ် ပထမအချစ် ပထမအချစ် ဒုတိယလူ ငါ့ဖြစ်အင်ကို မင်းသာသိရင် အပြစ်တင်မှာ စိုးရိမ်တယ် မင်းကိုချစ်တာ ပထမ လောကကြီးက ပေးတာ ဒုတိယ ငါလိုချင်တာ ....ပထမ ငါရလိုက်တာ....ဒုတိယ ကိုချစ် ချစ်တက်သူ ရင်ခုန်စွဲလမ်း အမြဲတမ်းပါချစ်သူ မင်းကိုတွေ့ခွင့်မရရင်တောင်မှ သတိရလွမ်းခွင့်ရရင် ကျေနပ်နေခဲ့ရသူပါ ဘယ်လိုမှနီးစပ်ခွင့်မရမှန်း သိလျှက်နဲ့ချစ်ခဲ့မိလို့ တစ်ဖက်သက်ချစ်နေရသူက...ကိုယ်ပါ ဆီနဲ့ရေလိုအခြေအနေကွာခြား ဘယ်လိုများနီးနိုင်ဦးမှာလဲ နုံချာတဲ့ဘ၀ တမ်းတရုံနဲ့ ကျေနပ်လှပါပြီ..........ချစ်သူ လမင်းကျော် မင်းမရှိရင် မင်းမရှိလို့ မသေနိုင်ပေမဲ့ တကယ်မနေနိုင်တာပါ......... မနေတက်တာမဟုတ်ပေမဲ့ စိတ်ကဖြေမတက်တာပါ..... အချိန်တိုင်းတော့တမ်းတနေတာမဟုတ်ပေမဲ့ မင်းရှိမဲ့အရပ်ကို...မှန်းဆလို့တော့လွမ်းနေမှာပါ အပြင်ပန်းမှာ...ငိုင်တိုင်တိုင်ဖြစ်နေပါတယ် ပိုင်ချင်တဲ့ စိတ်တော့မရှိပေမဲ့ ဖြစ်နိုင်မယ်ဆိုရင်...ဆိုင်ချင်တဲ့စိတ်လေးတော့...ရှိနေဆဲပါ သူလေးရယ်.............. နွေးလေး.........UK မူပိုင်ချစ်တတ်သူ ကြယ်တာရာလိုအလင်းမပိုင်ဆိုင်ပေမဲ့ ကြေမသွားနိုင်တဲ့..အချစ်မျိုးပါ...ချစ်သူ မိုးကောင်းကင်လိုရင်ခွင်မကျယ်ပေမဲ့ မူပိုင်ရင်ခွင်ရှိသူပါ...ချစ်သူ... နေရောင်ခြည်လို...စွမ်းအင်တွေမထုတ်နိုင်ပေမဲ့ နေမ၀င်ချစ်ကိုပိုင်ဆိုင်သူပါ..ချစ်သူ ယုံကြည်တယ်ဆို ငါ့နှလုံးသားတံခါးကို.... မင်းရဲ့အချစ်သော့နဲ့ဖွင့်ဖို့...ဖိတ်ခေါ်ပါရစေ.. ချစ်သူ.......... နွေး UK ကောင်မလေး ကောင်မလေး မင်းကြောင့် ငါ့ Heart Disk မှာ Bad Sector တွေများနေပြီ….. ကောင်မလေး မင်းကြောင့် ငါ့ Registry မှာ Virus ဝင်နေပြီ Love.exe တဲ့……….. ကောင်မလေး မင်းအကြောင်းစဉ်းစားရလွန်းလို့ ငါ့ Processor အတွက်အချက်တွေများပြီး System လည်း Harm နေပါပြီကွာ…. အားလုံးအဆင်ပြေသွားအောင် ငါ့ နှလုံးသားကို Format ချဖို့ကြတော့လည်း မင်းနဲ့ပတ်သက်တဲ့ File လေးတွေ ပျောက်သွားမှာ စိုးတယ်ကွာ………… ချစ်ကောင်းကင်(NPT) ကာရံမဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်လို့ ချစ်အဟုန်တွေတိုးကာ သူ့ရဲ့မျက်နှာ ပျောက်ကာသွားမှာစိုး............ ချစ်သူအတွက် နှလုံးသားကိုစတေး......... ရင်ကွဲခံကာ လက်လျှော့......... နီးလျှက်နဲ့.......ဝေး ချစ်လျှက်နဲ့........ဆွေး အပူတစ်ပွေ့နဲ့ လူတွေ့မှာလည်း...........စိုး လမင်းကျော်(တောသားကြီး) အဖြူရောင်နှလုံးသား လမင်းပမာ သူ့မျက်နှာကို အစဉ်ထာဝရမြင်တွေ့ချင်...... တော်ဝင်လှသူ သူ့ရုပ်သူသွင်ကို စိတ်မှာအမြဲစွဲမိသူ.... အမှတ်တမဲ့နဲ့ အမှတ်တရလေးတွေဖြစ် ပင်လယ်ပြင်လိုငြိမ်သက်နေတဲ့ ငါ့ရင်ခွင်နှလုံးသား မင်းကနှုတ်ယူသွား အဖြူရောင်ကောင်းကင်ကို တိမ်ညိုတွေဖုံးသလို အစွန်းကင်းတဲ့ ငါ့နှလုံးသား မင်းကြောင့်....အစွန်းထင်သွား............ ကိုချစ် ဝေး ရင်ထဲမချည့်..မင်းအကြည့်တွေ မသိမသာ ရှောင်ဖယ်ကာလွဲ..မျက်နှာမွဲမို့ လက်တွဲခွင့်လေး....... ငါတို့.......ဝေးပြီ...... မတွေးပဲနဲ့......သိနေတယ် မလိခ(စိုးထိုက်) Uni တက်တုန်းက သူငယ်ချင်းပါ..(သင်္ချာ) နောက်ဆုံးနှစ်မှာ...လက်ဆောင်ပေးခဲ့တာပါ သူ့ ကိုသတိရလို့ ရေးတင်လိုက်တာပါ။ စောင့်မျှော်နေဆဲ အကြင်နာတွေ ဝေေ၀ဆာဆာ မပေးရသေးခင် မလွန်ဆိုင်နိုင်သော ဇာတ်ဆရာအလိုအတိုင်း လေနှင်ရာလွင့်လို့ ဝေးခဲ့ရပြီ ။ ပြန်ဆုံခွင့်ပေးလာမလားရယ်လို့ နေ့မအိပ် ညမအိပ်စဉ်းစားရင်း အိပ်ရေးပျက်ခဲ့တဲ့ညတွေ ....... တစ်ချိန်ချိန်ဆိုတဲ့ အတိုင်းအဆမရှိတဲ့နေ့ကို အထီးကျန်စွာ ကျောဖြတ်ရင်း (ကံကြမ္မာကိုယုံကြည်စွာဖြင့်....) (ကျွန်တော့်သူငယ်ချင်းရဲ့ ရင်တွင်းဖြစ်

0 comments:

Post a Comment