Saturday, October 24, 2015

ပျော်​ရွှင်​စရာ ရှိလည်း

Edit Posted by with No comments

*** #ရှိနေပေးပါ ***
=============

ပျော်ရွှင်စရာရှိလဲ
ကိုယ်တစ်ယောက်ထဲ
ဝမ်းနည်းစရာရှိလဲ
ကိုယ်တစ်ယောက်ထဲ
ပျော်ရွှင်တိုင်း ဝမ်းနည်းတိုင်း
မင်းကို အနားမှာရှိနေစေချင်တယ်။----

လောကဒဏ်မုန်တိုင်းထဲလဲ
ကိုယ်တစ်ယောက်ထဲ
ရှေ့ဆက်ရမဲ့ ခရီကလဲ
ကိုယ်တစ်ယောက်ထဲ
လောကဒဏ်တွက် ရှေ့ဆက်ရမဲ့ ခရီမှာ
ပါရမီဖြည့်ဘက် အဖြစ်ရှိနေစေချင်တယ်။----

ကိုယ့်ရင်ထဲလဲ
မင်းတစ်ယောက်ထဲ
မင်းရင်ထဲလဲ
ကိုယ်တစ်ယောက်ထဲ
မင်းနဲ့ကိုယ့်ရဲ့ အချစ်ဟာ
စွဲတော်ရွက်လို တစ်ဘဝထဲ
မင်းကို ထာဝရအမြဲ ရှိနေစေချင်တယ်။----

ဆောင်းတွက် ကဗျာ

#နှလုံးသားလူမိုက်



ကျ​နော်​ရဲ့ကဗျာနန်​​တော်

0 comments:

Post a Comment