Saturday, September 12, 2015

အိမ်​မက့်

Edit Posted by with No comments

အိပ်မက်မျှားတဲ့ သခင်မ
ထားလိုက်တော့လေ သခင်မရဲ့
အမှောင်အတိ ပါဆိုနေမှ
ဘာအရောင်လဲလို့မေးနေရသေးလား...

အခုတော့လည်း
ကိုယ့်လမ်းကိုယ်လျှောက်
ဖိနပ်ပေါက်ရင်တောင်ငါ့ကိုကျိန်ဆဲဦးမှာ
ငါသိတယ်......

အချစ်အတွက် အသက်စွန့်မတဲ့လား
အတ္တတွေ ကိုပဲ အရင်စွန့်ပါဦး မိန်းကလေးရယ်.....
နိမိတ်သံတွေကလည်းမိုးခြိမ်းညံခဲ့ပြီးပြီ
ဒါပေမယ့်ရွတ်ဆို
ဒီနာမည်ကို ရွတ်ဆို
အထပ်ထပ်ရွတ်ဆို
ရူးသွားအောင်ရွတ်ဆို
မသေမချင်းရွတ်ဆို
သေပြီးရင်လည်း
သရဲဖြစ်ပြီးရွတ်ဆို
ငိုသော ဘဝကား အဆုံးမသတ်......

ဝေးတာတော့ဝေးခဲ့ပြီးပြီပေါ့
ဘာပဲဖြစ်ဖြစ်
စီစီဖာ လည်း သူ့ကျောက်တုံးလေးကိုတော့ သံယောဇဉ်ရှိမှာပါ...


0 comments:

Post a Comment