Wednesday, September 9, 2015

စိတ်​ချ တနင်္ဂ​နွေ

Edit Posted by with No comments

စိတ်ကျတနင်္ဂနွေ
တစ်နေ့တာကုန်ဆုံးသွားတယ် ကိုယ်မျှော်လင့်သမျှတော့
ဘာမှဖြစ်မလာဘူး
အခြေအနေ အချိန်အခါက
ဘာလို့များ ငါ့အတွက်ဆိုတိုတောင်းရတာလဲ
ကုန်ဆုံးသွားတဲ့အချိန်တွေကို
နောင်တရပြီး ပြန်တမ်းတမနေဘူး
မလောက်မငှနဲ့ ဝေစားရမယ်ဆိုတော့
ငါ့ဝမ်းကိုတစ်ခါလောက်တော့
အငတ်ခံပြီး အခွင့်အရေးကို
လက်လွတ်လိုက်မယ်
တိမ်တိုက်တွေ လွင့်မျောနေပေမယ့်
ဂျူလိုင်မိုးတွေ ဒီတနင်္ဂနွေမှာလဲမရွာဘူး
မတော်တဲ့အင်္ကျီကိုကောက်ဝတ်
ချောင်နေတဲ့ ငါ့စိတ်ကိုပဲ
အပြစ်တင်မိတယ်
နေပူတယ်ရင်ပူတယ်
စမ်းရေတွေမအေးသလို
ပန်းတွေလဲအရင်လိုမမွှေးတော့ဘူး
ခရေပန်းခြောက်လေးဟာ
လေထဲမှာဝေ့၀ဲ အပင်ထက်ကကြွေကျတယ်
ကောက်ယူသိမ်းဆည်းသူတွေအလုအယှက် ငါ့စိတ်အကြွေတွေကိုတော့
နှစ်သိမ့်သူမဲ့
ဒီတနင်္ဂနွေက အထီးကျန်တယ်

0 comments:

Post a Comment