ယဉ်ကျေးမှု
ငါ ငိုခဲ့ပါတယ်
မျက်ရည်နဲ့တော့ မဟုတ်ဘူးပေါ့…။
ကြေရာကြေကြောင်း သံသယ တွေကလည်း
မျှော်လင့်ချက် လက်ကျန်ကို
အပြီးတိုင် စတေး လိုက်တယ်…
ကြိုးရှည်တပ် အိပ်မက်တွေနဲ့
သစ္စာမဏ္ဍိုင်ကို ဝင် ဆောင့် ဖို့ ဆိုရင်တော့
ငါ
ခေါင်း…ကျိန်း…. နေ…သေး…..တယ်………။
ငါ့ဖက်က ကြည့်ရင်တော့
ငါ့ ကိုယ် ငါ ပဲ မြင်လိမ့်မယ်
အနိုင်ဆိုတာ ရတိုင်းလည်း မယူကောင်းပါဘူး….။
ဒီလိုနဲ့ပဲ
ငါ ငိုခဲ့ပါတယ်
မျက်ရည်နဲ့တော့ မဟုတ်ဘူးပေါ့…။
0 comments:
Post a Comment