Wednesday, September 9, 2015

ပါရမီးဖြည့်​ဖက်

Edit Posted by with No comments

ပါရမီဖြည့်ဖက်
နင့်အတွက်ဆို
သာတယ်နာတယ်
ငါထည့်မတွက်ဘူး
နင်နဲ့ပက်သက်ရင်
အကောင်းဆုံးဖြစ်ချင်ပေမယ့်
အဆိုးဆုံးတွေကို
မဖယ်ရှားနိုင်သေးဘူး
နင့်အတွက်ဆို ငါဘက်ကအကုန်ပေးဆပ်ချင်တယ်
နင့်ဆီကအပြုံးတစ်ပွင့်နဲ့
ငါကျေနပ်တယ်
စိတ်ကူးအိမ်မက်တွေ
ညအမှောင်ထဲမှာလမ်းပျောက်ရင်းနဲ့
နံနက်ခင်းမှာ နင်အမြဲ
ကြည်နူးမှုတွေနဲ့
နိုးထစေချင်တယ်
ရည်မှန်းချက်တွေ
ဖြစ်မလာရင်တောင်
နင့်နဲ့ငါ အနာဂါတ်ကို
ဖြူစင်ရိုးသားစွာ
လက်တွဲကျော်ဖြတ်ကြတာပေါ့
ငါ့ကနင့်ပါရမီဖြည့်ဘက်ဖြစ်ချင်တာပါ
ဘုရင်လို မင်းသားတစ်ပါးလို့
မနေထိုင်ချင်ဘူး

0 comments:

Post a Comment