ရေ၊မြေ မခြားပေမယ့်
ငါတို့ဝေးနေသလိုပဲ
အသံလေးကြားရရုံနဲ့
ရင်ထဲကအလွမ်းတွေ
မသက်သာဘူး သတိရချင်းမှာ
ငါ အရူးတစ်ယောက်လို
ဆောက်တည်ရာမရဖြစ်နေတယ်
တစ်မိုင်လောက်အလွမ်းတွေကို
ဆယ့်ကမ္ဘာလောက်ဖွဲ့နွဲ့လို့ရတယ်
ငါ့အလွမ်းတွေ ငါဘဲသိတယ်လေ
မသေချာခြင်းတွေ သေချာလာတဲ့အထိ
ငါအသက်ရှင်ခွင့်မှ ရပါ့မလား
သေချာတာကတော့
ကောင်းကင်ကိုအနားမသတ်နိုင်သေးသ၍
တိမ်တိုက်တွေရွှေ့လျှားနေဦးမှာပဲ
မိုးမျှော်နေတဲ့ ငါ့အတွက်
တိမ်တိုက်တွေက အဝေးကိုပဲ
ထွက်ထွက်ပြေးတယ်
ပူလောင်မှုဟာ ငါနဲ့တစ်ဖြေးဖြေး
အသားကျလာပြီ
တိမ်တိုက်တွေဖြစ်ဖို့
ပင်လယ်ကြီးတစ်ခုလိုတယ်လေ
ငါ ပင်လယ်ကြီး
မတည်ဆောက်နိုင်သေးသမျှ
တိမ်တိုက်တွေမပိုင်ဆိုင်နိုင်သေးဘူး
Recorder တစ်ခုထဲ
ဖမ်းထည့်ထားရုံနဲ့ တစ်သက်လုံးအတွက်
ပြီးပြည့်စုံသွားလား
ပျက်လုံးတစ်ခုကို ကြားလိုက်ရပေမယ့်
ငါမရယ်ဖြစ်ခဲ့ဘူး ငါရယ်လို့မရဘူး
တစ်ဖက်နဲ့တစ်ဖက် အလေးအနက်ထားပုံချင်း
မတူညီတာလက်ခံနိုင်ပေမယ့်
ဒီလောက်အထိ ပျက်စီးသွားမယ်
မထင်ထားဘူး
ဒီလိုပါပဲ လေကကြီးက ထင်မထားတာတွေ
ဖြစ်ဖြစ်လာတယ်
*ထင်တာတွေ တစ်ခြားစီးပဲအချစ်ရေ
မင်းပေးတဲ့ အကြင်နာ မှားတယ်*
ရှိချင်းမရှိချင်းဟာ အရေးပါပုံချင်း
တစ်ယောက်နဲ့တစ်ယောက်တော့ကွာမှာပေါ့
တစ်ခုခုတော့လွဲချော်နေခဲ့သလား
စွန့်လွတ်မှုနဲ့ထိုက်တန်တဲ့ရလဒ်တော့မဟုတ်ဘူး
ဥပေက္ခာဟာ သိသိသာသာ
နေရာယူလာတယ် ငါ့အတွက်
တစ်ရေနိုးမှ အိမ်မက်မက်ဖို့သတိရပေမယ့်
မိုးလင်းသွားပြီလေ
0 comments:
Post a Comment