Wednesday, September 30, 2015
နင့်​​ပေးလိုက်​တဲ့ငါ့ရဲ့အမှတ်​တရ
ချစ်​သူတစ်​​ကယ်​နင့်​ကိုငါ့ယုံးကြည့်​မိတယ်​ ချစ်​သူ​လေး ဘယ်​​တော့မှလမ်းမခွဲးဘူးလို့ကတိ​တွေးအကျိန်​ကျိန်​​ပေးခဲ့ကြတယ်​ အခု့​တော့အ​နေ​ဝေးလို့လမ်းခွဲးလိုက်​ပါတဲ့ နင့်​​ပြောထွက်​တယ်​​နော်​  ချစ်​သူ နင့်​​ပြောခဲ့တာငါ့တစ်​​ယောက်​ကိုပဲချစ်​​နေမယ်​ဆိုး နင့်​​ပေးခဲ့တဲ့ကတိ​တွေးဟာ လိမ်​ညာခြင်​ပဲဖြစ်​​နေတယ်​​နော်​ ငါ့အတွက်​နဲ့နင်​မြက်​​ရေးမကြရပါဘူး နင့်​အခြာတစ်​​ယောက်​နဲ့လည်း မြက်​​ရေမကြရပါ​စေးနဲ့လို့ငါ့ဆု့​တောင်​​ပေးပါတယ်​............................. ချစ်​သူ​လေးရဲ့ ကျ​နော်​​ကျောင်းသူ
နင့်​​ပေးခဲ့တဲ့ရက်​စက့်​ခြင်
ချစ်​သူ​လေးနငွ​ပေးခဲ့တဲ့ရက့်​စက့်​ခြင်​ဟာ
ငါ့အတွက်​​တော့အမှတ်​တရပဲ​လေး...
နင့်​ကငါ့ရဲ့အချစ်​ဦးမို့လိုပါ.......
အမှတ်​တရအဖြစ်​နဲ့ငါ့ငိမ်းထာလိုက်​ပါ​တော့မယ်​ ငိုခဲ့ရတဲ့​နေ့ရက်​​လေး​တွေးငါ့ရင်​မှဆို​နေဒုံးပဲ......
နင့်​ကအချစ်​ကို​လေးစာတပ်​တဲ့မိန်းက​လေးတစ်​​ယောက်​ဆိုးတာငါ့သိပါတယ်
ဒါ​ပေးမယ့်​နင့်​ကချစ်ပြီးရင် ​​ရက်​စက့်​တယ်​....
Sunday, September 13, 2015
ဆုံးဆုံခြင်​ရဲ့ရလတ်
အဆုံးဆိုးတာဘယ်​သူမှ​ပြေမလို့နိုင်​ဘူး
အနိုင်​ဆိုးတာလည်းဘယ်​သူမှအမြဲးတမ်းမရရှိ​နေဘူး​လေး အဆုံးဆိုးတာလည်း
ဘယ်​သူကမှ မကြဆုံး​နေဘူး ငါ့တစ်​​နေ့တစ်​ချိန်​​တော့အနိုင်​ရရှိ​နေမှာပါ
ဒီးအချိန်​မှာငါ့ဆုံးခဲ့ရ​ပေးမယ့်
ငါ့​ပေးစက့်​ရမဲရလတ်​တစ်​ခု့လိုပဲငါ့​သတ်​မှလိုက်​ပါမယ်​...............................
Saturday, September 12, 2015
ဝေး
ဝေး
မရနိုင်ရုံနဲ့တော့
ငါ မစွန့်လွတ်ချင်ဘူး..
အယူခံတွေ နဲ့ လည်း
ရူးသွပ် လိုက်ချင်သေးရဲ့….
မဆိုင်မှန်း…သိတယ်
မျှော်လင့်ချက်လည်း မိုက်မူး
သူ့အလိုလို ရူး  ရူး   နေတာတော့
ငါလည်း ဘာတတ်နိုင်မှာလဲ သခင်မ…
မလွန်ဆန် ခဲ့ပါဘူး
မနာခံ ရုံလေးပါ
စည်းဝါးကိုက် လက်ညှိုးတွေ
ငါ့ကိုချည်း .. ထိုးနေခဲ့ပေါ့….
စိုက်ချင် တဲ့ လှံတွေ အတွက်
ငါ့ မြေကို နိမ့်ပေးလိုက်ပါ့မယ်
နင်ပျော်ရုံလေးပါ …. သခင်မ…
အချိန်
အချိန်
မိုးလင်းချိန်မှာ
ရရှိတဲ့...အရာ..
မိုးချူပ်ချိန်မှာ..
ပျောက်ဆုံးသွားတဲ့အရာ..
အရာရာမမြဲပါလားဆိုတော့လည်းမဟုတ်ဘူး..
မြဲတယ်လို့ ပြောပြန်တော့လည်း...ငရွဲတဲ့...
ဟိုးအဝေးကိုတွေးမျှော်ရင်းနဲ့ ပဲ
အိမ်​မက့်
အိပ်မက်မျှားတဲ့ သခင်မ
ထားလိုက်တော့လေ သခင်မရဲ့
အမှောင်အတိ ပါဆိုနေမှ
ဘာအရောင်လဲလို့မေးနေရသေးလား...
အခုတော့လည်း
ကိုယ့်လမ်းကိုယ်လျှောက်
ဖိနပ်ပေါက်ရင်တောင်ငါ့ကိုကျိန်ဆဲဦးမှာ
ငါသိတယ်......
အချစ်အတွက် အသက်စွန့်မတဲ့လား
အတ္တတွေ ကိုပဲ အရင်စွန့်ပါဦး မိန်းကလေးရယ်.....
နိမိတ်သံတွေကလည်းမိုးခြိမ်းညံခဲ့ပြီးပြီ
ဒါပေမယ့်ရွတ်ဆို
ဒီနာမည်ကို ရွတ်ဆို
အထပ်ထပ်ရွတ်ဆို
ရူးသွားအောင်ရွတ်ဆို
မသေမချင်းရွတ်ဆို
သေပြီးရင်လည်း
သရဲဖြစ်ပြီးရွတ်ဆို
ငိုသော ဘဝကား အဆုံးမသတ်......
ဝေးတာတော့ဝေးခဲ့ပြီးပြီပေါ့
ဘာပဲဖြစ်ဖြစ်
စီစီဖာ လည်း သူ့ကျောက်တုံးလေးကိုတော့ သံယောဇဉ်ရှိမှာပါ...
ယဉ်ကျေးမှု
ယဉ်ကျေးမှု
ငါ ငိုခဲ့ပါတယ်
မျက်ရည်နဲ့တော့ မဟုတ်ဘူးပေါ့…။
ကြေရာကြေကြောင်း သံသယ တွေကလည်း
မျှော်လင့်ချက် လက်ကျန်ကို
အပြီးတိုင် စတေး လိုက်တယ်…
ကြိုးရှည်တပ် အိပ်မက်တွေနဲ့
သစ္စာမဏ္ဍိုင်ကို ဝင် ဆောင့် ဖို့ ဆိုရင်တော့
ငါ
ခေါင်း…ကျိန်း…. နေ…သေး…..တယ်………။
ငါ့ဖက်က ကြည့်ရင်တော့
ငါ့ ကိုယ် ငါ ပဲ မြင်လိမ့်မယ်
အနိုင်ဆိုတာ ရတိုင်းလည်း မယူကောင်းပါဘူး….။
ဒီလိုနဲ့ပဲ
ငါ ငိုခဲ့ပါတယ်
မျက်ရည်နဲ့တော့ မဟုတ်ဘူးပေါ့…။
ဟိုတုန်းက
ဟိုတုန်းက တို့တွေ အလွန်ချစ်သည်
နင်နောက်မကျခဲ့ပါဘူး .. နှင်းဆီ
ငါ အရောက် စောသွားတာပါ…။
အိပ်မက်တွေ အပေးအယူ မမျှတော့
ညကလည်း ….
အိပ်စက် လိုက်ဖို့ သက်သက်… ။
လွမ်းတေးဆိုကောင်းရုံ.. ဆိုရင်တော့
ချစ်သူနဲ့ ကွာဝေးခြင်း သည်..
မဖြစ်လိုခဲ့…။
ရွှေအိုရောင် ညနေတွေ ကို
နင်ငေးကြည့် နေကတည်းက
အမှောင် စော တော့မယ် ဆိုတာ
ငါရိပ်မိပြီးသားပါ.. သခင်မရယ်…။
တစ်ခါက
တို့နှစ်ယောက်ရဲ့လမ်း
သစ္စာပန်းတွေချည်း .. ပွင့်ခဲ့ဖူးတာပေါ့…။
ထာဝရ
ထာဝရ
ကိုယ်တို့နှစ်ယောက်ကို ကံကြမ္မာက ကြုံခွင့်ပဲပေးထားတယ် ဆုံခွင့်မပေးထားဘူး။
ဘာပဲ ဖြစ်ဖြစ် ကိုယ်ကတော့ မင်းကို ထာဝရချစ်နေဆဲပါပဲကွာ ။ ။
ကိုယ် ပေးဆပ်နေမယ် ချစ်သူ  မင်းပျော်မယ်ဆိုရင်ပေါ့ ........။
ကိုယ်အရာရာကို စွန့်လွတ်နိုင်တယ်ချစ်သူ  မင်းကျေနပ်မယ်ဆိုရင်ပေါ့။
ဒါကိုယ့်ရဲ့ မှန်သောစကား ပါ။
ပြီးတော့  ကိုယ်ဆုတောင်းနေမယ်  ။ ဘဝဆက်တိုင်း ဆုံစည်းခွင့် ရပါစေ လို့ ...........
ငါ့
ငါ
ချစ်သူ နေလိုတောက် တဲ့ လမ်းမှာ လျှောက်ရတဲ့ ငါ ……
နေရောင်အောက်မှာ စူးရှရှ အကြည့်တွေကြားက ငါ……
နေသာလေသာ သာယာခြင်းကို တပ်မက်တာ ငါ ……
နေပြောက်ထိုးတဲ့ အမိုးအောက်က ငါ ……
နေပါ စေပါ ထားရာနေရာ သွားရတဲ့ ငါ ……
နေမင်းကြီးပမာ ထွန်းတောက်ချင်တဲ့ ငါ ……
နေမရ ထိုင်မရ ဖြစ်နေတာ မင်းနဲ့ မတွေ့ ရတဲ့ အချိန် အခိုက်အတန့် မှာ ငါ ……
နေချင်သလို နေတာပါလို့ အများက ထင်ထားကြတဲ့ ငါ ……
နေတတ်သလို မနေတတ်တဲ့ ငါ ……
မင်းမရှိတဲ့ အခိုက်မှာ ငါဟာ ပူလောင်လွန်းမက ပူပြင်းနေတဲ့ ငါ့ရင်ထဲ ခဏလောက် ဝင်ကြည့်ပေးပါကွာ
ငါ ……ငါ ……ငါ ……ငါ ……ငါ …… ငါတမ်းတနေတာ မင်းတယောက်ထဲ ကိုပါ ချစ်သူ  ၊၊
လွမ်းခြင်းများစွာ
လွမ်းခြင်းများစွာနဲ့
ရက်စက်တဲ့နေရာတွေ
မင်းပေးခဲ့တဲ့ အမှတ်တရများစွာ
အနမ်းများ ကြေမွ  ခဲ့သည့်ရာသီ
ဘယ်လောက် မိုးတွေ ရွှာနေပေမဲ့
နွေဦး ခေတ်သစ်လို
ဆောင်းမရှိတဲ့ နှစ်တွေလိုပဲ
ပူပြင်းခြင်း ဟာ
ရင်ထဲမှာကသစ်ပင်
ရွှက်တွေ ရော်ရမ်းပြီး
ဒီလမ်းကလေးက
ငါ့မျက်ရည် ခြေရာများစွာ
နှလုံးသွေး တို့နဲ့ နီဆွေးလျက်
ပတ်ဝန်းကျင် တခွင်လုံး
မှောင်မဲ အုင်မှိုင်းလျက်
အလင်းမစီးတဲ့ မာကျူရီ
မီးလုံး လေးတွေလို
ခုံတန်းလေးမှာမှ နေ့ရက်တိုင်း..ညနေတိုင်း
ငါ့တစ်ယောက်တည်းပဲ
ဘယ်သူမှ မသိတဲ့
လွမ်းခြင်းများစွာနဲ့
အသည်း နှလုံးတစ်ခုကို အဖော်ပြုလျှက်.....
Friday, September 11, 2015
အသံတိပ်​အလွမ်း
အသံတိတ် အလွမ်း
အသံတိတ် အလွမ်း
ခြေသံဖွဖွလေးနင်းပြီး
နင့်ပါးပြင်ပေါ် ငါနှုတ်ခမ်းအစုံ
ခုန်တက်သွားလေရဲ့
ဘယ်သူမှ မသိလိုက်သလို
နင်လဲ သိမယ်မထင်ဘူး
နင့်ရဲ့ ရယ်သံချိုချိုလေးတွေကို
ငါသာသာယာယာပဲ စားသုံးမိတယ်
အပြစ်လို့ မဆိုလောက်ပါဘူးနော်
မှုန်ရီဝိုးတဝါးမမြင်မစမ်း
လမ်းပျောက်နေတဲ့ အမှောင်ထဲမှာ
အလင်းရောင်ပျပျလေး လက်နေတယ်
အဲ့ဒါနင်ပဲလေ ၊ ငါ့ကိုဆွဲခေါ်နေတာပေါ့
နင်နဲ့ငါမြင်နေပေမယ့် ဝေးးးးတယ်ဟာ
မကြားတကြား တိုးတိုးလေး
ကပ်ပြီးပြောချင်ပါရဲ့
မဝံ့မရဲ နဲ့ ပါးးးးးးပါးးးးးးလေး ငါနင့်ကို လွမ်းးးးးနေတယ်
ဆင်စွယ်
စွတ်​လွတ်​မူ
စွန့်လွတ်မှု
▶ ငိုချင်ပေမဲ့ ပြုံးလိုက်ရတယ်
▶ နာကျင်ပေမယ့် ဖုံးဖိလိုက်ရတယ်
▶ ရင်ဖွင့်ချင်ပေမယ့် မျိုသိပ်လိုက်ရတယ်
▶ ပေါက်ကွဲပစ်ချင်ပေမယ့် ထိန်းချုပ်လိုက်ရတယ်
_ ငါတစ်ယောက်တည်း မဟုတ်ပါဘူး ချစ်သူ ... လူသားတိုင်း ကိုယ်ချစ်တဲ့သူပျော်ရွှင်ဖို့အတွက် ကိုယ့် ခံစားချက်တွေကို စတေးခဲ့ကြရတယ်လေ ။
ငါ့သိတယ်
ငါသိတယ်....
နင်ဆိုးတာ ငါသိတယ် ...
နင်င့ါအပေါ် လိမ်တာ ညာတာတွေငါသိတယ် ...
နင်ငါ့ကို တကယ်မချစ်တာ ငါသိတယ် ...
နင်နဲ့ ငါတစ်ရက်ဝေးကျရမှာ ငါသိတယ် ...
နင်တခြားတရောက်နဲ့ ရှုပ်နေတာ ငါသိတယ် ...
နင် ငါ့အကြောင်းတွေ စိတ်ထဲတောင်မ၇ှိတာလည်း ငါသိတယ် ...
ငါမသိတာ တော့ တခု၇ှိတယ်
ငါ့ကို မချစ်ဘဲ အမျိုးမျိုးနှိပ်စက်တဲ့ နင့်ကို ငါဘာလို့ အ၇ူးကျပီး
ဒီလောက်ချစ်နေမိလည်းဆိုတာ ပဲ.....။
(ဒါေ ပ မဲ့ ငါ သိလဲ မသိ ချင် တော့ပါ ဘူး )
သူငယ်​ချင်း ချစ်​သူ
    သူငယ်​ချင်း ချစ်​သူ
သူငယ်​ချင်း​ရေ နင့်​ကိုငါ့ဘယ်​​လောက်ထိသစ်​စာရှိလည်းဆိုးတာ နင့်​လည်းအသိဆုံးပဲ ငါ့နင့်​နဲ့ချစ်​သူဖြစ်​​နေပြီးပဲ
နင့်​မိတ်​ဆက့်​​ပေးတဲ့ နင့်​သူငယ်​ချင်းနဲ့ ငါ့စကား​ပြောတာနင့်​တစ်​ဝင်​မတိုပါနဲ့...
နင့်​ငါ့ကိုသစ်​စာမရှိတဲ့သူတစ်​​ယောက်​လို့မ​ပြောပါနဲ့ သူငယ်​ချင်း ငါ့ကနင့်​ချစ်​သူပါ
ငါ့နင်းကလွဲးပြီးဘယ်​သူကိုမှအစာထိုးပြီးငါ့ချစ်​မှာမဟုတ်​ဘူး
ငါ့ကိုနင့်​သူငယ်​ချင်းနဲ့မ​ပေးစာပါနဲ့ ငါ့နင့်​ကိုပဲချစ်​တာပါ ဖြူစင်းတဲ့ငါ့စိတ်​ဓာတ်​ကိုနင့်​အ​ရောင်​မဆိုးလိုက်​ပါနဲ့ သူငယ်​ချင်း
..........နင့်​ငါ့ကို​ပြောသလို နင့်​ကိုလည်းသူများပြန်​မ​ပြောပါ​စေးနဲ့လို့ငါ့ဆု့​တောင်း​ပေးပါတယ်​..........သူငယ်​ချင်း ချစ်​သူ......
ချစ်​သူ​ပေးတဲ့အမုန်းများ
နင့်​မချစ်​နိုင်​လို့ထာခဲ့ပြီပြီးပဲအခု့နင့်​ရဲ့အမှာ​တွေးလာ​တောင်​ပန်းတာအချိန်​​တွေး​နောင်​ခဲ့ပါပြီး ချစ်​သူ ...ငါ့နင့်​ကိုချစ်​​နေတုံကနင့်​ငါ့အချစ်​​တွေးကို နင့်​ဥပခ္စါပြုလုပ်​ခဲ့ပြီပြီးမှာ
မခု့မှနင့်​ငါ့ကို​တောင်​ပန်းတယ်​လို့လာ​ပြောတာ နင့်​အတွက့်​အချိန်​​တွေးကုန်​ဆုံးခဲ့ပါပြီးချစ်​သူ...........
နင့်​မှ​တောင်​ပန်း​သေးခင်​ငါ့အရင်​​တောင်​ပန်​ပါမယ်​ I sorry Baby......နင့်​ငါ့ကိုမှ​တောင်​ပန်​ပါနဲ့​တော့ ခွင့်​လွှတ်​ပါ​နော်​ လို့ငါ့မှ​ပြော​တော့ဘူး ချစ်​သူ....ငါ့နင့်​ကိုနာလည်း​ပေးလိုက်​မယ်​......ငါ့ကိုနင့်​မှချစ်​ပါနဲ့​တော်
နင့်​အတွက့်​ငါ့ sorry ပါ.............
Thursday, September 10, 2015
ကြွေးခဲ့ရတဲ့မြက့်​​ရေစက်
နင့်​အတွက့်​ဆိုးရင်​ငါ့အရာရာ​ပေးစက့်​ခဲ့တယ်​ ချစ်​သူ ဘယ်​လို့ပဲငါ့ကိုခါသီးမူ​တွေး​ပေး​နေပါ​စေး ငါ့နင့်​အ​ပေါ်မှာအဖြည့်​မမြင်​ခဲ့ဘူး ချစ်​သူ ဒါ​တောင်​မှနင့်​ငါ့အ​ပေါ်မှာအ​ကောင်းမမြင်​ဘူး​နော်​ အချိန်​​တွေးကြာလာ​တော့ နင့်​​ပေးတဲ့ရက်​စက့်​ခြင်​​တွေးငါ့မခိုင်​နိုင်​​တော့ဘူး ချစ်​သူ ငါ့နင့်​အတွက့်​နဲ့အချိန်​​တွေးတမ်းမြက့်​​ရေစက့်​​တွေးကြခဲ့ရတယ်
ဒါ​ပေးမယ့်​နင့်​ကိုငါ့ ချစ်​​နေ​သေးပါတယ်
နင့်​ကိုငါ့မုန်းလို့မရဘူး
ငါ့​မေ့ဖို့လည်းမဖြစ်​နိုင်​ဘူး ငါ့နင့်​နဲ့​ဝေးရာထွက့်​သွားလိုက်​ပါ​တော့မယ်​ ချစ်​သူ
နင့်​ကိုငါ့နုပ့်​ဆက့်​လိုက်​ပါမယ်
မြက့်​​ရေးတစ်​စက့်​နင့်​ပါပြင်​ထက်​မှာ ငါ့မမြင်​ရပါ​စေးနဲ့ ချစ်​သူ...........
Wednesday, September 9, 2015
ဆု့​တောင်း
ရေ၊မြေ မခြားပေမယ့်
ငါတို့ဝေးနေသလိုပဲ
အသံလေးကြားရရုံနဲ့
ရင်ထဲကအလွမ်းတွေ
မသက်သာဘူး သတိရချင်းမှာ
ငါ အရူးတစ်ယောက်လို
ဆောက်တည်ရာမရဖြစ်နေတယ်
တစ်မိုင်လောက်အလွမ်းတွေကို
ဆယ့်ကမ္ဘာလောက်ဖွဲ့နွဲ့လို့ရတယ်
ငါ့အလွမ်းတွေ ငါဘဲသိတယ်လေ
မသေချာခြင်းတွေ သေချာလာတဲ့အထိ
ငါအသက်ရှင်ခွင့်မှ ရပါ့မလား
သေချာတာကတော့
ကောင်းကင်ကိုအနားမသတ်နိုင်သေးသ၍
တိမ်တိုက်တွေရွှေ့လျှားနေဦးမှာပဲ
မိုးမျှော်နေတဲ့ ငါ့အတွက်
တိမ်တိုက်တွေက အဝေးကိုပဲ
ထွက်ထွက်ပြေးတယ်
ပူလောင်မှုဟာ ငါနဲ့တစ်ဖြေးဖြေး
အသားကျလာပြီ
တိမ်တိုက်တွေဖြစ်ဖို့
ပင်လယ်ကြီးတစ်ခုလိုတယ်လေ
ငါ ပင်လယ်ကြီး
မတည်ဆောက်နိုင်သေးသမျှ
တိမ်တိုက်တွေမပိုင်ဆိုင်နိုင်သေးဘူး
Recorder တစ်ခုထဲ
ဖမ်းထည့်ထားရုံနဲ့ တစ်သက်လုံးအတွက်
ပြီးပြည့်စုံသွားလား
ပျက်လုံးတစ်ခုကို ကြားလိုက်ရပေမယ့်
ငါမရယ်ဖြစ်ခဲ့ဘူး ငါရယ်လို့မရဘူး
တစ်ဖက်နဲ့တစ်ဖက် အလေးအနက်ထားပုံချင်း
မတူညီတာလက်ခံနိုင်ပေမယ့်
ဒီလောက်အထိ ပျက်စီးသွားမယ်
မထင်ထားဘူး
ဒီလိုပါပဲ လေကကြီးက ထင်မထားတာတွေ
ဖြစ်ဖြစ်လာတယ်
*ထင်တာတွေ တစ်ခြားစီးပဲအချစ်ရေ
မင်းပေးတဲ့ အကြင်နာ မှားတယ်*
ရှိချင်းမရှိချင်းဟာ အရေးပါပုံချင်း
တစ်ယောက်နဲ့တစ်ယောက်တော့ကွာမှာပေါ့
တစ်ခုခုတော့လွဲချော်နေခဲ့သလား
စွန့်လွတ်မှုနဲ့ထိုက်တန်တဲ့ရလဒ်တော့မဟုတ်ဘူး
ဥပေက္ခာဟာ သိသိသာသာ
နေရာယူလာတယ် ငါ့အတွက်
တစ်ရေနိုးမှ အိမ်မက်မက်ဖို့သတိရပေမယ့်
မိုးလင်းသွားပြီလေ
ပါရမီးဖြည့်​ဖက်
ပါရမီဖြည့်ဖက်
နင့်အတွက်ဆို
သာတယ်နာတယ်
ငါထည့်မတွက်ဘူး
နင်နဲ့ပက်သက်ရင်
အကောင်းဆုံးဖြစ်ချင်ပေမယ့်
အဆိုးဆုံးတွေကို
မဖယ်ရှားနိုင်သေးဘူး
နင့်အတွက်ဆို ငါဘက်ကအကုန်ပေးဆပ်ချင်တယ်
နင့်ဆီကအပြုံးတစ်ပွင့်နဲ့
ငါကျေနပ်တယ်
စိတ်ကူးအိမ်မက်တွေ
ညအမှောင်ထဲမှာလမ်းပျောက်ရင်းနဲ့
နံနက်ခင်းမှာ နင်အမြဲ
ကြည်နူးမှုတွေနဲ့
နိုးထစေချင်တယ်
ရည်မှန်းချက်တွေ
ဖြစ်မလာရင်တောင်
နင့်နဲ့ငါ အနာဂါတ်ကို
ဖြူစင်ရိုးသားစွာ
လက်တွဲကျော်ဖြတ်ကြတာပေါ့
ငါ့ကနင့်ပါရမီဖြည့်ဘက်ဖြစ်ချင်တာပါ
ဘုရင်လို မင်းသားတစ်ပါးလို့
မနေထိုင်ချင်ဘူး
စက္ကန်​အချစ်
စက္ကန့်တံ တစ်ချပ်ချပ်မှာ ငါ . . . ပဲ့ပဲ့ကြွေတယ်
စက္ကန့်မိနစ်
နာရီလက်တံတွေက
ငါ့ကိုလှောင်ရယ်နေသလိုပဲ
အချိန်ဆိုသမားတော်လို့ကြားဘူးတယ်
ငါ့အတွက်တော့ စက္ကန့်တံလေး
တစ်ချက်ရွေ့တိုင်း တစ်ချက်နာတယ်
ကံတရားက
ဒီလိုဒဏ်ခတ်တာလား
တိုက်ဆိုင်မှုလား
ခဏခဏဖြစ်နေတဲ့
လွဲချော်မှုမှာ
တရားခံ ဘယ်သူဆိုတာ
လက်ညိုးထိုးနေမယ့်အစား
မဖြစ်နိုင်ဘူးဆိုတာသိရင်
အစကထဲကမလုပ်ခဲ့သင့်ဘူး
မသေချာမရောရာပဲနဲ့
စောင့်နေရသူတွေအတွက်
စက္ကန့်သံတစ်ချပ်ချပ်ဟာ
ပေါက်ကွဲဖို့နီးလာတဲ့
ဗုံးတစ်လုံးလိုပဲ
အန္တရာယ်ရှိတယ်ဆိုတာ
နင်သိသင့်တယ်
နင်စံတော်ချိန်တွေနဲ့
နောက်တစ်ခါ ငါကိုလာအရူးမလုပ်ပါနဲ့
ငါစိတ်ဟာ အရင်ကထဲက
ပြာယာခတ်နေလို့ပါ
နောက်တစ်ခါဆိုတာကို
ငါကြောက်တတ်လာပြီ
နောက်တစ်ခါ
မ လာ ပါ နဲ့ တော့ …
အစထဲက
အစထဲက
ဒီလမ်းကိုမလျှောက်ခဲ့သင့်ဘူး
စွန့်ခွာမယ်ဆိုတော့
သံယောဇဉ်တွေက
သံဆူးကြိုးလို
တိုးထွက်တိုင်
ခန္ဓာကိုယ်မှာ
သွေးအလိမ့်လိမ့်
နာကျင်မယ်မှန်းသိသိနဲ့
ရုန်းထွက်နေမိတယ်
စိတ်​ချ တနင်္ဂ​နွေ
စိတ်ကျတနင်္ဂနွေ
တစ်နေ့တာကုန်ဆုံးသွားတယ် ကိုယ်မျှော်လင့်သမျှတော့
ဘာမှဖြစ်မလာဘူး
အခြေအနေ အချိန်အခါက
ဘာလို့များ ငါ့အတွက်ဆိုတိုတောင်းရတာလဲ
ကုန်ဆုံးသွားတဲ့အချိန်တွေကို
နောင်တရပြီး ပြန်တမ်းတမနေဘူး
မလောက်မငှနဲ့ ဝေစားရမယ်ဆိုတော့
ငါ့ဝမ်းကိုတစ်ခါလောက်တော့
အငတ်ခံပြီး အခွင့်အရေးကို
လက်လွတ်လိုက်မယ်
တိမ်တိုက်တွေ လွင့်မျောနေပေမယ့်
ဂျူလိုင်မိုးတွေ ဒီတနင်္ဂနွေမှာလဲမရွာဘူး
မတော်တဲ့အင်္ကျီကိုကောက်ဝတ်
ချောင်နေတဲ့ ငါ့စိတ်ကိုပဲ
အပြစ်တင်မိတယ်
နေပူတယ်ရင်ပူတယ်
စမ်းရေတွေမအေးသလို
ပန်းတွေလဲအရင်လိုမမွှေးတော့ဘူး
ခရေပန်းခြောက်လေးဟာ
လေထဲမှာဝေ့၀ဲ အပင်ထက်ကကြွေကျတယ်
ကောက်ယူသိမ်းဆည်းသူတွေအလုအယှက် ငါ့စိတ်အကြွေတွေကိုတော့
နှစ်သိမ့်သူမဲ့
ဒီတနင်္ဂနွေက အထီးကျန်တယ်
အချစ်​ဒုတ်္ခ
တစ်ခါတစ်လေတော့လဲ
ငါက သူပြောသမျှ
ခေါင်းငြိမ့်နေရတဲ့
အရုပ်ကလေးပေါ့
မလိုအပ်တော့ရင်
ချောင်ထိုးသိပ်
လိုချင်တဲ့အချိန်
အသုံးတော်ခံဖို့
အချိန်တိုင်း
အဆင့်သင့်မဖြစ်တော့
အချိန်ကြာလာတာနဲ့မျှ
ဥပေက္ခာတရားအောက်
အရုပ်ကလေး
ဆွေးမြေ့ဖုန်တက်နေပြီ
ငါ့ခါစာမိတယ်​ချစ်​သူ
ကျောက်ချပ်ကြီးကိုမှီရင်း
ငါ့ပခုံးထက်မှေးစက်
နင့်ငွေ့အသက်လေးက
ငါ့အနားခုထက်ထိ ရစ်ဝဲ
နင့်ဆံနွယ်တွေ
လေပြေအဝှေ့မှာ လွင့်ပါး
ငါ့ရင်ခုန်သံ တိုးတိုးလေးကို
နင့်အပြုံးတွေက
ဖမ်းစားထားတယ်
ငါ့ရင်ခွင့်မှာထွေးပွေ့
နင့်ရဲ့အဝေး
နောက်တစ်ခါထပ်မပြေးချင်တော့ဘူး
ကံကြမ္မာကို ခဏမေ့ထားပြီး
နင့်နဲ့ဘ၀တစ်ခုကို
အခြေမခိုင်ပဲနဲ့
ရင်ဆိုင်ကြည့်ချင်မိတယ်
အရူးတစ်ယောက်လိုပဲ
အချိန်တိုင်းမှာ ဆောက်တည်ရာမဲ့
နင်နဲ့ဝေးဖို့အကြောင်းတွေ
မတွေးချင်ဘူး
မတောင်းဆိုကောင်းပေမယ့်
ခန္ဓာပျက်သုန်းချိန်ထိ
နင့်အပါးမှာပဲ
ငါခစားနေချင်တယ်
အချစ်​အထစ်
အ . . . အ . . .  အထစ်ထစ်နဲ့ စကားလုံးတွေ
လည်မျိုမှာတစ်ဆို့
တန်း . . .  တန်း . . .  တန်းတန်းမက်မက် မလျှောက်တတ်တော့
လူလိမ်ဖြစ်ခဲ့တယ်
ကျ . . .  ကျ . . .  ကျတတ်တဲ့ စိတ်ဓါတ်တွေအတွက်
စာနာသူမဲ့
အဖြစ်အပျက်မှာ ပျက်တာတွေက များများနေခဲ့
အားလုံးဟာ ငါ့ဘက်မှာ မရှိတော့တဲ့ အချိန်
အားလုံးနဲ့ငါ ဘယ်သူမှန်လို့ ဘယ်သူမှားလည်း
ငါ့အတွေးထဲတော့ ငါမှန်တယ်
လမ်း . . . လမ်း . . . လမ်းတွေတူပေမဲ့
လူချင်းတော့ကွဲတယ်
စိတ် . . . စိတ် . . . စိတ်တွေ သိပ်ကြောက်စရာကောင်းတယ်
အားလုံးကတော့ မင်းဘက်မှာပါ
ငါဆိုတာ ထည့်မတွက်ထားနဲ့
အောက် . . . အောက် . . . အောက်တန်းကျတယ်
နောက် . . . နောက် . . . နောက်ဆုံးတော့
ငါ . . . ငါ . . . ငါ့ဘက်မှာဘယ်သူမှမရှိဘူး
အထက်တန်းကျတဲ့ရေတစ်ခွက်လောက် . . .
ဆရာချောရေ . . . လမ်းချင်းတူပေမဲ့ . . .
လူလူချင်းတောင် ကျွန်တော်ပဲမှားသတဲ့လား
ဆရာချောရေ  . . . သူများကို ထိုးဖို့ဆိုတာ
ကိုယ့်မှာ မေးရိုးရှိရတယ်တဲ့လား
သူများကိုမထိုးပဲ ကျွန်တော့မေးရိုးတွေဘဲ ကွဲကွဲလာတယ်
ပထမလူမဟုတ်ခဲ့တော့ ဒုတိယဆိုတာ တတိယနဲ့ဘာမှမထူးပါဘူးတဲ့
ပထမလူလောက် . . . မင်းတို့ရင်ထဲ ငါကအရေးမပါခဲ့ပါဘူး
သောကြာ နဲ့စခဲ့တယ် သောကြာနဲ့ အဆုံးသတ်ခဲ့လိုက်မယ်
အရာရာ ငါမှားခဲ့တယ် တံဆိပ်နှိပ်လိုက်ပါ . . .
ငါ . . . မကျွမ်းကျင်တဲ့ ဘာသာဗေဒ တစ်ခုအတွက် အရှုံးဆိုတာ ငါနဲ့ထိုက်တန်ပါတယ်
Tuesday, September 8, 2015
ချစ်​သူ​ပေးတဲ့အမုန်းများ
ချစ်​သူ​ပေးတဲ့အမုန်းများ
အချစ်​ကိုစပ်​ပြီးချစ်​တတ်​တဲ့အချိန်​ကစပ်​ပြီး
အခု့ချိန်​ထိ​ပြေးမလို့နိုင်​တဲ့မျှာတစ်​စင်းလိုပဲ
ငါ့နင့်​ကို​မျှော်​လင်​ထာသလိုလည်းမဖြစ်
လာဘူး ချစ်​သူ ​နေဝင်​လ​ထွက်​ ​မှောင်​မဲ
နေတဲ့တစ်​​ကောင်​ရံမှာလည်းမင်းကို
မျှော်​​နေတုံးပဲ ချစ်​သူ.....................