အသံတိတ် အလွမ်း
အသံတိတ် အလွမ်း
ခြေသံဖွဖွလေးနင်းပြီး
နင့်ပါးပြင်ပေါ် ငါနှုတ်ခမ်းအစုံ
ခုန်တက်သွားလေရဲ့
ဘယ်သူမှ မသိလိုက်သလို
နင်လဲ သိမယ်မထင်ဘူး
နင့်ရဲ့ ရယ်သံချိုချိုလေးတွေကို
ငါသာသာယာယာပဲ စားသုံးမိတယ်
အပြစ်လို့ မဆိုလောက်ပါဘူးနော်
မှုန်ရီဝိုးတဝါးမမြင်မစမ်း
လမ်းပျောက်နေတဲ့ အမှောင်ထဲမှာ
အလင်းရောင်ပျပျလေး လက်နေတယ်
အဲ့ဒါနင်ပဲလေ ၊ ငါ့ကိုဆွဲခေါ်နေတာပေါ့
နင်နဲ့ငါမြင်နေပေမယ့် ဝေးးးးတယ်ဟာ
မကြားတကြား တိုးတိုးလေး
ကပ်ပြီးပြောချင်ပါရဲ့
မဝံ့မရဲ နဲ့ ပါးးးးးးပါးးးးးးလေး ငါနင့်ကို လွမ်းးးးးနေတယ်
ဆင်စွယ်
0 comments:
Post a Comment