ငါ
ချစ်သူ နေလိုတောက် တဲ့ လမ်းမှာ လျှောက်ရတဲ့ ငါ ……
နေရောင်အောက်မှာ စူးရှရှ အကြည့်တွေကြားက ငါ……
နေသာလေသာ သာယာခြင်းကို တပ်မက်တာ ငါ ……
နေပြောက်ထိုးတဲ့ အမိုးအောက်က ငါ ……
နေပါ စေပါ ထားရာနေရာ သွားရတဲ့ ငါ ……
နေမင်းကြီးပမာ ထွန်းတောက်ချင်တဲ့ ငါ ……
နေမရ ထိုင်မရ ဖြစ်နေတာ မင်းနဲ့ မတွေ့ ရတဲ့ အချိန် အခိုက်အတန့် မှာ ငါ ……
နေချင်သလို နေတာပါလို့ အများက ထင်ထားကြတဲ့ ငါ ……
နေတတ်သလို မနေတတ်တဲ့ ငါ ……
မင်းမရှိတဲ့ အခိုက်မှာ ငါဟာ ပူလောင်လွန်းမက ပူပြင်းနေတဲ့ ငါ့ရင်ထဲ ခဏလောက် ဝင်ကြည့်ပေးပါကွာ
ငါ ……ငါ ……ငါ ……ငါ ……ငါ …… ငါတမ်းတနေတာ မင်းတယောက်ထဲ ကိုပါ ချစ်သူ ၊၊
Pages
▼
0 comments:
Post a Comment