လွမ်းခြင်းများစွာနဲ့
ရက်စက်တဲ့နေရာတွေ
မင်းပေးခဲ့တဲ့ အမှတ်တရများစွာ
အနမ်းများ ကြေမွ ခဲ့သည့်ရာသီ
ဘယ်လောက် မိုးတွေ ရွှာနေပေမဲ့
နွေဦး ခေတ်သစ်လို
ဆောင်းမရှိတဲ့ နှစ်တွေလိုပဲ
ပူပြင်းခြင်း ဟာ
ရင်ထဲမှာကသစ်ပင်
ရွှက်တွေ ရော်ရမ်းပြီး
ဒီလမ်းကလေးက
ငါ့မျက်ရည် ခြေရာများစွာ
နှလုံးသွေး တို့နဲ့ နီဆွေးလျက်
ပတ်ဝန်းကျင် တခွင်လုံး
မှောင်မဲ အုင်မှိုင်းလျက်
အလင်းမစီးတဲ့ မာကျူရီ
မီးလုံး လေးတွေလို
ခုံတန်းလေးမှာမှ နေ့ရက်တိုင်း..ညနေတိုင်း
ငါ့တစ်ယောက်တည်းပဲ
ဘယ်သူမှ မသိတဲ့
လွမ်းခြင်းများစွာနဲ့
အသည်း နှလုံးတစ်ခုကို အဖော်ပြုလျှက်.....။
0 comments:
Post a Comment