Saturday, September 12, 2015

ဟိုတုန်းက

ဟိုတုန်းက တို့တွေ အလွန်ချစ်သည်
နင်နောက်မကျခဲ့ပါဘူး .. နှင်းဆီ
ငါ အရောက် စောသွားတာပါ…။
အိပ်မက်တွေ အပေးအယူ မမျှတော့
ညကလည်း ….
အိပ်စက် လိုက်ဖို့ သက်သက်… ။

လွမ်းတေးဆိုကောင်းရုံ.. ဆိုရင်တော့
ချစ်သူနဲ့ ကွာဝေးခြင်း သည်..
မဖြစ်လိုခဲ့…။

ရွှေအိုရောင် ညနေတွေ ကို
နင်ငေးကြည့် နေကတည်းက
အမှောင် စော တော့မယ် ဆိုတာ
ငါရိပ်မိပြီးသားပါ.. သခင်မရယ်…။

တစ်ခါက
တို့နှစ်ယောက်ရဲ့လမ်း
သစ္စာပန်းတွေချည်း .. ပွင့်ခဲ့ဖူးတာပေါ့…။

0 comments:

Post a Comment