Wednesday, September 9, 2015

ငါ့ခါစာမိတယ်​ချစ်​သူ

ကျောက်ချပ်ကြီးကိုမှီရင်း
ငါ့ပခုံးထက်မှေးစက်
နင့်ငွေ့အသက်လေးက
ငါ့အနားခုထက်ထိ ရစ်ဝဲ
နင့်ဆံနွယ်တွေ
လေပြေအဝှေ့မှာ လွင့်ပါး
ငါ့ရင်ခုန်သံ တိုးတိုးလေးကို
နင့်အပြုံးတွေက
ဖမ်းစားထားတယ်
ငါ့ရင်ခွင့်မှာထွေးပွေ့
နင့်ရဲ့အဝေး
နောက်တစ်ခါထပ်မပြေးချင်တော့ဘူး
ကံကြမ္မာကို ခဏမေ့ထားပြီး
နင့်နဲ့ဘ၀တစ်ခုကို
အခြေမခိုင်ပဲနဲ့
ရင်ဆိုင်ကြည့်ချင်မိတယ်
အရူးတစ်ယောက်လိုပဲ
အချိန်တိုင်းမှာ ဆောက်တည်ရာမဲ့
နင်နဲ့ဝေးဖို့အကြောင်းတွေ
မတွေးချင်ဘူး
မတောင်းဆိုကောင်းပေမယ့်
ခန္ဓာပျက်သုန်းချိန်ထိ
နင့်အပါးမှာပဲ
ငါခစားနေချင်တယ်

0 comments:

Post a Comment