Tuesday, October 20, 2015

တောင်းပန်ပါတယ် ~~~~~~~~~~~~ မိန်းခလေးရယ်....

Edit Posted by with No comments

တောင်းပန်ပါတယ်
~~~~~~~~~~~~
မိန်းခလေးရယ်....

အဆုံးသတ်မှာ

အမုန်းရမှတ်တွေ နဲ့

ဒူးထောက်နေရသည်ကို

အပြုံးတွေဖန်ဆင်းပြီး

အမုန်းတွေ မပေးလိုက်ပါနဲ့နော်♥♥♥

မြင်ရရုံနဲ့ပဲ ကျေနပ်နေသူပါ

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ

ပိုင်ဆိုင်ဖို့ဆိုတဲ့ ဆန္ဒ တစ်ခုတည်းနဲ့

အတင်းလုပ်ယူလို့မရသလို

နမ်းရှိုက်ခွင့်ရမှလည်း

" အချစ် " မဟုတ်ပါဘူး

အချစ်လို့ ဆိုခဲ့ရင်တောင်

" စိုင်း " ငြင်းမိမှာ အမှန်ပဲ

ဘာကြောင့်လဲဆိုတော့

" မ " ကိုချစ်မိတဲ့ စိုင်း ဟာ

အမဲရောင်မဖက်တဲ့

အဖြူရောင်ပေးဆပ်ခြင်း

သက်သက်မို့ပါ " မမ " ရယ်♥♥♥♥♥♥



ကျ​နော်​ရဲ့ကဗျာနန်​​တော်

0 comments:

Post a Comment