Wednesday, October 21, 2015

Edit Posted by with No comments

မှောင်မဲရမယ်.. အေးစက်ရမယ်.. တိတ်ဆိတ်ရမယ်..တဲ့... ဒါမှ...ညဆိုတာပီပြင်တာတဲ့လေ..... ငါ့အတွက်တော့ ည..ဆိုတာ... သတ်မှတ်ချက်တွေ အကန့်အသတ်တွေ... ပညတ်ချက်တွေ.. မလိုပါဘူး... မှောင်မဲတဲ့...ည ဖြစ်နေပါစေ... လရောင်လေးလဲ မတမ်းတမိပါဘူး.... အေးစက်တဲ့ညဖြစ်နေပါစေ... နွေးထွေးစေဖို့... ရင်ခွင်တစ်စုံကိုလည်း မမျှော်လင့်ခဲ့ပါဘူး.... တိတ်ဆိတ်တဲ့...ည ဖြစ်နေပါစေ... သီချင်းသံတွေကိုလည်း အိမ်မက်မမက်ချင်ပါဘူး... ငါ့အတွက်တော့... ည..ဆိုတာ.... ရင်ထဲကစကားလုံးတွေ ခံစားချက်တွေ... ဝေဒနာတွေ... နာကျင်မှု့တွေ... ဖွင့်ဟမိသမျှ သိမ်းဆည်းပေးတဲ့... စာမျက်နှာတစ်ခု ဖြစ်ဖို့ဘဲလိုတယ်.... ခံစားရတာတွေများလို့ ရင်ဘတ်ကြီးထဲမှာတောင် ကဗျာတွေ..... ဗလာဖြစ်နေလေရဲ့........





2အလှမ်းများတဲ့အချစ် 

ခဏလေးပဲဝေးကွာခဲ့ရလို့ နှစ်ပေါင်းများစွာ အလှမ်းဝေးမှုကြောင့် အဖော်မဲ့နေတဲ့ငါရပ်တည်နေရတာ အလွမ်းရေတွေကိုချိုပြီး အလွမ်းအဆွေးတွေကို အဖန်ဖန်အထပ်ထပ် အချစ်ဟောင်းတွေအတွက် ပြန်လည်တူးဖော်နေရတာ ဘယ်တော့များအလွမ်းဆွတ်မှုတွေ ဖြေဖျောက်နိုင်မလဲကွယ် တွေ့ဆုံခြင်းနေ့ရက်လေးတွေဖြစ်လာခဲ့ရင် ပေါင်းဆုံခြင်းခရီးကိုဆက်လျှောက်သွားမှာနော် အားမလျော့ပါနဲ့ချစ်သူ ဘယ်လောက်ဝေးနေဝေးနေ ဒီကောင်းကင်ကြီးအောက်ထက်တော့ ကျောလွန်နိုင်ဖို့အားတင်စမ်းပါ ကြင်နာသူရဲ့နွေးထွေးတဲ့ လက်တစုံကိုကိုယ်အမြဲဆုပ်ကိုင်တွဲထားမယ် မဖြုတ်စတမ်းပေါ့။။။။။။။။။။။။။ချစ်သူရယ်ဝမ်းမနည်းပါနဲ




3 ~~~***ကိုယ်ချင်းစားပါသည်......သို့သော်...........***~~~


(နှလုံးသားတခုကျောက်ချလို့တောင် မပြီးသေးဘူး ဝေဒနာအပြည့်နဲ့ ခ၇ီးသည်တယောက် “ကျေးဇူးပြုပြီး.....အလွမ်းဝေဒနာတွေ သယ်ဆောင်သွားပါ” ကျေးဇူးတင်ပါတယ်။ (ဒါပေမဲ့) အလွမ်းတွေက ထားစ၇ာနေ၇ာမ၇ှိတော့လို့ပါ။)

(နှလုံးသားတခု ထုဆစ်လို့တောင် မပြီးသေးဘူး အသည်းကွဲဝေဒနာသည်တယောက် “ကျေးဇူးပြုပြီး......အသည်းကွဲဝေဒနာတွေ အစားထိုးချင်လို့ပါ” ကျေးဇူးတင်ပါသည်။ (ဒါပေမဲ့) အစားထိုးဖို့အတွက် မပြီးပြည့်စုံသေးလို့ပါ။) (နှလုံးသားတခု ဒဏ်၇ာဟောင်းတောင် မကျက်သေးဘူး အဆွေးသမားတယောက် ““ကျေးဇူးပြုပြီး.....ဝေဒနာတွေ မျှဝေခံစားပေးပါ”” ကျေးဇူးတင်ပါသည်။ (ဒါပေမဲ့) ကျွန်တော်ဒဏ်၇ာဟောင်းကလေးတောင် အခုထိ မကျက်သေးဘူး)







4~~မုန်းနိုင်၇င်တော့~~

နင်မုန်းရင်မုန်းထားပေးတော့

ငါကဆက်ချစ်နေမှာပါ

နင်သတိမရရင်နေပါ


ငါကလွမ်းနေအုံးမှာပဲ

အရာအားလုံးနင်မေ့ထားလို့နိုင်ပေမဲ့လည်း

ငါကအတိက်ပုံရိပ်လေးတခု

ပြန်ကာကြားယောင်မြင်ယောင်နေဆဲပါ

နင်လည်းကြားနိုင်အောင်ငါဘယ်လိုပြောရမလဲကွယ်


မုန်းရက်သူမေ့သွားပြီးထင်ပါရဲ့

ဘာဖြစ်ဖြစ်လေ

နင်ပေးထားတဲ့အမှတ်တမဲ့ငါရလိုက်တာ

နင်ရဲ့အချစ်တွေ ငါနှလုံးသားထဲမှာ

ကွက်လပ်လေးတခု ချန်ထားသိမ်းထားခွင့်တော့

ရှိနေပြီးပဲနော်





5.အချစ်

တားမြစ်ထားတဲ့ သစ်သီးပါ
စားကြည့်တော့.....;
(ငါ)
ခါးတယ်!

မကျွမ်းကျင်ဆုံး ကစားနည်းပါ
အမြဲတမ်း.....;
(ငါ)
ရှုံးတယ်!

အချစ်

အချစ်

အချစ်...နဲ့....!

အဲဒီလို အော်ဟစ်နေရင်းနဲ့ပဲ
ငါနဲ့ နှလုံးသား
ဘုံးဘုံးလဲကျသွားခဲ့ရပေါ့!

အခုတခါတော့
ဘယ်သူထူထူ
ပြန်ကို မထတော့ဘူး
နောက်တစ်ခေါက် ထပ်လဲကျရမှာ
ကြောက်လွန်းလို့ပါ!

ငါ....
နာ....တယ်!



ကျ​နော်​ရဲ့ကဗျာနန်​​တော်

0 comments:

Post a Comment