စက္ကန့်တံ တစ်ချပ်ချပ်မှာ ငါ . . . ပဲ့ပဲ့ကြွေတယ်
စက္ကန့်မိနစ်
နာရီလက်တံတွေက
ငါ့ကိုလှောင်ရယ်နေသလိုပဲ
အချိန်ဆိုသမားတော်လို့ကြားဘူးတယ်
ငါ့အတွက်တော့ စက္ကန့်တံလေး
တစ်ချက်ရွေ့တိုင်း တစ်ချက်နာတယ်
ကံတရားက
ဒီလိုဒဏ်ခတ်တာလား
တိုက်ဆိုင်မှုလား
ခဏခဏဖြစ်နေတဲ့
လွဲချော်မှုမှာ
တရားခံ ဘယ်သူဆိုတာ
လက်ညိုးထိုးနေမယ့်အစား
မဖြစ်နိုင်ဘူးဆိုတာသိရင်
အစကထဲကမလုပ်ခဲ့သင့်ဘူး
မသေချာမရောရာပဲနဲ့
စောင့်နေရသူတွေအတွက်
စက္ကန့်သံတစ်ချပ်ချပ်ဟာ
ပေါက်ကွဲဖို့နီးလာတဲ့
ဗုံးတစ်လုံးလိုပဲ
အန္တရာယ်ရှိတယ်ဆိုတာ
နင်သိသင့်တယ်
နင်စံတော်ချိန်တွေနဲ့
နောက်တစ်ခါ ငါကိုလာအရူးမလုပ်ပါနဲ့
ငါစိတ်ဟာ အရင်ကထဲက
ပြာယာခတ်နေလို့ပါ
နောက်တစ်ခါဆိုတာကို
ငါကြောက်တတ်လာပြီ
နောက်တစ်ခါ
မ လာ ပါ နဲ့ တော့ …
Wednesday, September 9, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment