Monday, September 7, 2015

ချစ်သူလေး

Edit Posted by with No comments

ချစ်​သူ​လေး
ချစ်သူလေးရေ မဝေးချင်ဘူးဆိုတဲ့စကား နှုတ်ဖျားက ရေရွတ်လိုက်ရုံနဲ့ တို့နီးစပ်ခဲ့မယ်ဆိုရင်တော့ ချစ်ရက်နဲ့ အဆင်မပြေခဲ့တဲ့ဘ၀တွေ ဒီလောကထဲ ဘယ်ရှိနေပါ့မလဲကွယ် … ချစ်သူလေးရေ အရမ်းချစ်တာပဲဆိုတဲ့စကား အမြဲကြားနေရရုံနဲ့ ဘ၀တစ်ခုလုံးပြည့်စုံသွားပြီဆိုရင်တော့ အတူလက်တွဲရင်ဆိုင်ကြတဲ့ ဘ၀တွေ ဒီလောက် ဘယ်ခက်ခဲနေပါ့မလဲကွယ် … ချစ်ခြင်းတစ်ခုကို အရင်းပြုပြီး အနာဂတ်ခရီးဆက်ကြမဲ့ ငါတို့နှစ်ယောက် ရှေ့လျှောက်ဒီ့ထက် ပိုနားလည်ပေးဖို့လိုသလို အားနည်းချက်တွေကိုလဲ ကူညီဖေးမဖို့ အရင်ကထက် ပိုတဲ့ မေတ္တာတရားတွေနဲ့ ခိုင်မာတည်မြဲနေဖို့က အရေးကြီးဆုံးပါကွယ် ….

0 comments:

Post a Comment