Saturday, October 24, 2015

စစ်​မှန်​​သောအချစ်

Edit Posted by with No comments

တကယ်စစ်မှန်တဲ့မေတ္တာမှာအကြောင်းပြချက်
တောင်းဆိုချက်မရှိပါဘူး။
စစ်မှန်တဲ့မေတ္တာဆိုတာ တုန့်ပြန်မှုမရှိလဲ
ငါ့အတွက်တော့ အမြဲရှင်သန်ဦးမှာပဲ။



ကျ​နော်​ရဲ့ကဗျာနန်​​တော်

.......ချစ်​သူဆိုတဲ့လက်​တစ်​စုံ

Edit Posted by with No comments

ချစ်သူဆိုတဲ့လက်တစ်စုံ
~*~*~*~*~*~*~*~*~*~
တစ်နေ့အမျိုးသားတစ်ယောက်ကလေဖြတ်သွားပါသတဲ့။ အသက်အန္တာရယ် မစိုးရိမ်ရပေမဲ့ ဘယ်ဘက်ခြမ်း တစ်ခြမ်းလုံး လှုပ်လို့မရတော့အတွက် အရမ်းစိတ်ဓါတ်ကျပြီး သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက လူမမာသတင်းမေးရင်း အားပေးစကားပြောကြားပေးကြတာပေါ့။
သူ့သူငယ်ချင်းတွေက သူစိတ်ဓါတ်ကျနေတဲ့ပုံကိုကြည့်ပြီး အားပေးစကားတွေပြောကြားတော့ ၊ သူက သူအကြောက်ဆုံးက ခုချိန်မှာ သူ့မိန်းမက သူ့လိုလူနာကိုပစ်သွားမှာကိုကြောက်လွန်းလို့ ပိုပြီးစိတ်ဓါတ်ကျရပါတယ်တဲ့။ အဲဒီလိုပြောပြီးသိပ်မကြာလိုက်ပါဘူး။ တကယ်ပဲ မိန်းမဖြစ်သူက သူ့ကိုပစ်သွားပါတယ်။
အပေါင်းသင်းတွေက သူအရမ်းဝမ်းနည်းလို့ သွားပြီးအားပေးစကားတွေနဲ့ နှစ်သိမ့်ပေးတဲ့အခါ သူက သူ့အမှားတွေကြောင့် သူမဒီလိုထွက်ခွာသွားရတာကို အပြစ်မတင်ပါဘူး ဒါပေမဲ့ ၀မ်းနည်းနောင်တရမိပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။
နောက်ပြီး အိမ်ထောင်ရေး သက်တမ်းတစ်လျှောက်လုံးမှာ … သူမ အိမ်မှု ကိစ္စတွေနဲ့ ရှုပ်နေတိုင်း သူဟာ အခန့်သားနဲ့ ဘောလုံးပွဲကြည့်လိုက်၊ အခွေကြည့်လိုက်၊ ဂျာနယ်ဖတ်လိုက်၊ ရုံးအလုပ်လေးတွေလုပ်လိုက်နဲ့ သူမကို မကူညီခဲ့ဖူးပါဘူး။
သူမနေမကောင်းလို့ ဆေးခန်းသွားပြရင်း အလုပ်ကနေပြန်ထွက်လာဖို့မကြိုးစားမိပဲ သေးသေးမွှားမွှားရောဂါတွေဆို မင်းဘာမင်းသွားလိုက်ပါကွာဆိုပြီး ပြောပြီး သူမကို အဖေါ်လုပ်ပြီးလိုက်မပို့ပေးခဲ့ဖူးပါဘူး။
သူမဈေးဝယ်ထွက်ပြန်လာလို့ အကျီ င်္သစ်ဝယ်လာလို့ ၀တ်ပြရင်းလှလားလို့ လာမေးရင် သူသေသေချာချာကြည့်ပြီး မချီးမွှမ်းပဲ မျက်လုံးလေးနဲ့ဝေ့ကြည့်ပြီး လှပတယ်ကွာလို့ပဲ ပြီးစလွယ်ဖြေခဲ့ဖူးတယ်။
သူမတစ်ခါတစ်လေ ၀မ်းနည်းလို့ အဖေါ်ပြုဖို့လိုအပ်လို့ ရုံးကနေစောပြန်ဖို့ စိတ်မကောင်းတဲ့အသံနဲ့ ဖုန်းဆက်လာပေမဲ့ သူရုံးအလုပ်တွေမဖျတ်ခဲ့ပါဘူး။
အထက်လူကြီးတွေငြိုငြင်မှာစိုးပြီး အလုပ်တွေသာဖိလုပ်နေခဲ့ပါတယ်တဲ့။
သူမရဲ့မွေးနေ့တစ်ချို့ကိုတော့ သတိမရလို့ သူမသတိပေးမှသာ ပြန်ပြီးအစားထိုးလုပ်ပေးခဲ့ရဖူးပါတယ်။
သူမက တစ်ခါတစ်လေ လက်ဆောင်သေးသေးမ၀ယ်ပေးပါလားလို့ ပြောရင် မင်းကိုပိုက်ဆံတွေပေးထားတာပဲ ကြိုက်တာကို ကိုယ့်ဟာကိုယ်ဝယ်ပေါ့ လို့ပြောခဲ့ဖူးတာတွေ။
တော်တော်များများကိစ္စတွေမှာ သူမကို တော်တော်လျစ်လျူရှုမိတဲ့အကြောင်းတွေကို စိတ်မကောင်းစွာနဲ့ သူငယ်ချင်းအပေါင်းသင်းတွေလာတိုင်း ရင်ဖွင့်ပြီး သူမကို အပြစ်မတင်ပဲ သူ့ရဲ့အမှားတွေသာလို ပြောပြောပြီး မျက်ရည်ကျလို့သာနေခဲ့ပါတယ်။
သူငယ်ချင်းတွေ သူတို့သူငယ်ချင်းစိတ်မကောင်းဖြစ်နေတာကိုကြည့်ပြီး ဆေးရုံကနေပြန်တော့ သူငယ်ချင်းရဲ့ မိန်းမဖြစ်သူဆီကို သွားပြီး အခုနက သူတို့သူငယ်ချင်းပြောခဲ့တာကိုပြန်ပြောပြလိုက်တဲ့အတွက် မိန်းမလုပ်သူက စိတ်မကောင်းဖြစ်ပြီး နောက်ဆုံးသူ့ယောကျာ်းက သူ့အပေါ်သိတတ်တာပဲဆိုတဲ့အတွေးလေးဝင်ပြီး ချက်ချင်းဆေးရုံကို ထလိုက်သွားပြီး လေဖြတ်နေတဲ့ယောကျာ်းလုပ်သူကို သေချာပြုစုပြီး ကျန်းမာရေးလေ့ကျင့်ခန်းတွေ သေချာလုပ်ပေးတော့ ယောကျာ်းလုပ်သူကလည်း တဖြည်းဖြည်းပုံမှန်အနေအထားကိုပြန်လည်ရောက်ရှိလာပါတယ်။
တစ်နေ့ သူတို့နှစ်ဦး ပန်းခြံထဲမှာ လမ်းလျှောက်ကျင့်ကြရင်း မိန်းမဖြစ်သူကမေးပါတယ် ။ ဘာဖြစ်လို့ နေမကောင်းဖြစ်တော့မှ ဒီလိုသူ့အပေါ်ဒီလိုအတွေးတွေဝင်လာရသလဲပေါ့။ ဒီတော့ ယောကျာ်းက သူလေဖြတ်တော့ ဘယ်ဘက်ခြမ်းကလှုပ်လို့မရပါဘူး။ ခြင်ကိုက်တဲ့အချိန်ဆို ဘယ်ဘက်ကိုကိုက်ရင် ညာဘက်က မောင်းပေးနိုင်ပေမဲ့ ညာဘက်ကို ခြင်ကိုက်တဲ့အချိန်ကျရင် ဘယ်ဘက်ကနေ ခြင်မမောင်းပေးနိုင်တဲ့အတွက် ဒီလိုအတွေးတွေဝင်ပြီး သူ့အပေါ်ကောင်းခဲ့တဲ့ မိန်းမအပေါ်မှာ မလုပ်ပေးခဲ့တာတော်တော်များပါလားဆိုတဲ့ အတွေးဝင်လာခဲ့ရပါတယ်တဲ့။
ခုဆို အပြန်လှန်ပြုစုစောင့်ရှောက်ရင်း မိန်းမလုပ်ကိုင်ပေးမှုအပေါ်မှာလည်း အသိမှတ်ပြုပြီး လုပ်ပေးသင့်လို့လုပ်ပေးတာထက် ကိုယ့်ပေါ်ချစ်လို့ မေတ္တာထားလုပ်ပေးတာကို စိတ်ထဲမှာအလေးထားပြီး စကားလေးတွေနဲ့ရော အမူအရာလေးတွေနဲ့ရော ပြန်လည်တုန့်ပြန်ပေးရင်း အရမ်းကိုချစ်ခင်နားလည်မှုတွေပြည့်ဝတဲ့ မိသားစုလေးတွေဖြစ်သွားကြပါပြီ။
လင်မယားဆိုတာ ဘယ်လက်နဲ့ညာလက် တစ်စုံလိုပါပဲ။ ခွဲထားလို့လည်းမရပါဘူး။ နှစ်ဘက်လုံးအတူဆောင်ရွက်မှသာ လုပ်ငန်းတွေအမြန်ဆုံးပြီးစီးနိုင်မှာပါ။ ပစ္စည်းတစ်ခုကို သယ်ယူတဲ့အခါ ညာဘက်ချည်းဆွဲနေလို့ လက်ညောင်းလာတဲ့အခါ ဘယ်ဘက်လက်က ပြောစရာမလိုပဲ အလိုလိုနဲ့ရောက်သွားပြီး ကူဆွဲပေးသလိုမျိုးပေါ့။ တကယ်လို့ ညာဘက်က ယားယံလာတဲ့အခါ ဘယ်ဘက်လက်က အလိုလိုရောက်ရှိသွားပြီး ကုတ်ပေးလိုက်သလိုမျိုးပေါ့။
တကယ်တော့ လင်မယားရယ်လိုမှမဟုတ်ပါဘူး။ ချစ်သူတွေကြားမှာလည်း အပြန်လှန်လေးစားမှုတွေ နားလည်မှုတွေနဲ့ မေတ္တာလေးတွေအုတ်မြစ်ခံပြီး တည်ဆောက်မှ ပိုမိုခိုင်မြဲကြမှာဖြစ်သလို မည့်သည့်အရာကိုမဆို လုပ်ပေးသင့်တာပဲ သူ့အလုပ်ပဲလို့ မသတ်မှတ်ပဲ အပြန်လှန်ကူညီလုပ်ကိုင်ပေးပြီး အချင်းချင်းအသိမှတ်ပြုကြရင် ချစ်ခြင်းပြည့်ဝတဲ့ နေ့ရက်တွေကိုဖန်တီးယူနိုင်ကြမှာပါ။



ကျ​နော်​ရဲ့ကဗျာနန်​​တော်

ဂျစ်​ပစိ

Edit Posted by with No comments

*** #ဂျစ်ပစီ ***
==========

ကိုယ့်လက်ခုပ်ထဲ ပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့်နှစ်ပွင့်နဲ့ … ခြောက်ကပ်ကပ်
ငါ … ရေငတ်လာတယ်။

တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိညာဉ်ရဲ့ ကျောက်ဆူးကိုချ
ဒီညတော့ မင်းရင်ခွင်ထဲမှာပဲ
စိတ်ချလက်ချ
… အိပ်စက်ပါရစေ။

ကောင်မလေးရယ်
ငါဟာ
ဖျားနာမှုကိုမှ
တွယ်တာတတ်သူပါ
တစ်စုံတစ်ခုဖြစ်လာမှာကို
ငါ စောင့်မျှော်နေမိ
…တံခါးဖွင့်သံ
…ခြေသံ
လာ ..မြန်မြန်သာ ဝင်ခဲ့ပါတော့။

လူ ၈၀% က အလုပ်လုပ်ကြတယ်
(ဒါပေမယ့်)
ကျန်တဲ့လူ ၂၀% က ဆုရတယ်
ငါကတော့ သူတို့ကို
ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်နေမိ
သွေးအေးအေးရက်စွဲတွေကိုသာ
အသိအကျွမ်း ဖွဲ့နေခဲ့တယ်။

ကောင်မလေးရယ်
ငါဟာ .. “တေလေ” ပါ
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော .. အရပ်ပုပု ကောင်မလေးတစ်ယောက်
လမ်းလျှောက်လာနေတယ် !
အို .. မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့
အရောင်ကန်းနေတဲ့ အိပ်မက်တွေ
ငါမက်နေမိ
ချစ်လှစွာသော
ငါ့ရဲ့ညီမ  သေးသေးလေးရေ
..လွမ်းတယ် ..
ဒါပဲတတ်နိုင်တာမို့ လွမ်းပါရစေ။

#နှလုံးသားလူမိုက်



ကျ​နော်​ရဲ့ကဗျာနန်​​တော်

......သတ္တိ...........

Edit Posted by with No comments

••••••သတ္တိ••••••

@~~~~~~

အမွှေးနံ့သာတို့မည်သည်
သူတို့မွှေးပျံ့ကြောင်း
သက်သေထူရန်မလိုတဲ့•••••

ထို့အတူ••••••

သူတော်ကောင်းတို့မည်သည်လည်း
သူတို့ကိုယ်ကျင့်တရား
ကောင်းမွန်ကြောင်း
သက်သေထူရန်မလို ••••

သကဲ့သို့•••••••

ထက်မြတ်သောမိန်းမတို့သည်လည်း
ချစ်သူတစ်ယောက်ကို
ပြိုင်လုစရာမလိုပဲ
ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ်
တပါးသူပေါ်
အမှီအခိုကင်းစွာရပ်တည်နိုင်ကြောင်း
သက်သေထူရန်မလိုပါ••••••

                                    အက္ခရာခြူး



ကျ​နော်​ရဲ့ကဗျာနန်​​တော်

မနက့်​ဖြန်​............

Edit Posted by with No comments

*** #မနက်ဖြန် ***
============

ပန်းကလေးတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

ကြယ်ကလေးတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

မျှော်လင့်ခြင်းတွေလဲ
မခြွေပဲ ကြွေတတ်တယ်။

မခြွေပဲ၊ ကြွေလဲ
အနေရဲ၊ ဝေဆဲပါလေ…

ပန်းတွေလဲ မပျောက်ကွယ်
ကြယ်တွေလဲ မကုန်
ယုံကြည်မျှော်လင့်ခြင်းတွေလဲ မပျက်
မနက်ဖြန်ဆိုတာ ရှိနေမယ်။

#နှလုံးသားလူမိုက်



ကျ​နော်​ရဲ့ကဗျာနန်​​တော်

ပျော်​ရွှင်​စရာ ရှိလည်း

Edit Posted by with No comments

*** #ရှိနေပေးပါ ***
=============

ပျော်ရွှင်စရာရှိလဲ
ကိုယ်တစ်ယောက်ထဲ
ဝမ်းနည်းစရာရှိလဲ
ကိုယ်တစ်ယောက်ထဲ
ပျော်ရွှင်တိုင်း ဝမ်းနည်းတိုင်း
မင်းကို အနားမှာရှိနေစေချင်တယ်။----

လောကဒဏ်မုန်တိုင်းထဲလဲ
ကိုယ်တစ်ယောက်ထဲ
ရှေ့ဆက်ရမဲ့ ခရီကလဲ
ကိုယ်တစ်ယောက်ထဲ
လောကဒဏ်တွက် ရှေ့ဆက်ရမဲ့ ခရီမှာ
ပါရမီဖြည့်ဘက် အဖြစ်ရှိနေစေချင်တယ်။----

ကိုယ့်ရင်ထဲလဲ
မင်းတစ်ယောက်ထဲ
မင်းရင်ထဲလဲ
ကိုယ်တစ်ယောက်ထဲ
မင်းနဲ့ကိုယ့်ရဲ့ အချစ်ဟာ
စွဲတော်ရွက်လို တစ်ဘဝထဲ
မင်းကို ထာဝရအမြဲ ရှိနေစေချင်တယ်။----

ဆောင်းတွက် ကဗျာ

#နှလုံးသားလူမိုက်



ကျ​နော်​ရဲ့ကဗျာနန်​​တော်

အလှသည်

Edit Posted by with No comments

အလှသည်သေရည်ထက်ဆိုးသည်။
ဆင်သူကိုရောမြင်သူကိုပါယစ်မှုးစေသည်
ဒါပေမယ့်ငါကနင့်အပေါ်မှာတော့
တခြားသူတွေလိုယစ်မှုးနေမဲ့သူမဟုတ်ဘူးနော်။အကြောင်းပြချက်တောင်းဆိုချက်မပါဘူး။မင်းကျေနပ်ပျော်ရွင်မယ်ဆိုဘာမဆိုလုပ်ပေးပြီးတစ်စုံတစ်ခုပြန်ရဖို့လုံးဝမမျှော်လင့်ထားပါဘူး။မင်းနှလုံးသားမှာငါ့နာမည်မရေးထိုးထားလဲမင်းနှုတ်ခမ်းကခေါ်သံလေးတစ်ချက်ကြားတိုင်းကျေနပ်နေသူပါ။ဝင်သက်ထွက်သက်တိုင်းမှာမင်းအတွက်အမြဲအဆင်သင့်နာစွင့်ထားပြီးမင်းအတွက်တစ်သက်မှာတစ်ခါဖြစ်ပေါ်ဘူးတဲ့မပြောင်းလဲတဲ့အချစ်မျိုးနဲ့နှလုံးခုန်သံတွေမရပ်မခြင်းမပိုင်ဆိုင်ရလဲမင်းဘဝတစ်စိတ်တစ်ပိုင်းမှာပါဝင်ပတ်သက်ခွင့်ပေးတဲ့ကံတရားကိုအတိုင်းမသိကျေးဇူးတင်ပါတယ်။မင်းအတွက်နောင်တဆိုတာငါ့အတွက်ဘယ်တော့မှမရှိပါဘူး။တောင်းဆုတစ်ခုရမယ်ဆိုအသက်ရှုရပ်သွားလဲ
နှလုံးသားထဲကကောင်းမလေးနာမည်ကိုတော့နောင်ဖြစ်တည်မယ်ဘဝဆက်တိုင်းသူမနာမည်လေးကိုတော့အမြဲမသေဆုံးပဲကိုယ်ဖြစ်တည်မယ့်ဘဝကိုအမြဲသယ်ဆောင်သွားချင်တယ်။ဘဝနဲ့ထပ်တူ။



ကျ​နော်​ရဲ့ကဗျာနန်​​တော်