Showing posts with label အား​ပေးခဲ့ပါ​နော်​ မိတ်​​ဆွေးတို့ ကဗျာချစ်​သူများရွှင်​လှန်​ကြပါ​စေး. Show all posts
Showing posts with label အား​ပေးခဲ့ပါ​နော်​ မိတ်​​ဆွေးတို့ ကဗျာချစ်​သူများရွှင်​လှန်​ကြပါ​စေး. Show all posts

Saturday, October 24, 2015

တချက်လောက်

Edit Posted by with No comments

••••တချက်လောက်••••

ငါ့ကိုဘေးနားထားပြီး
တခြားမိန်းခလေးတွေနဲ့နင်
ပျော်နေတဲ့ချိန်
ငါ့ရဲ့နှလုံးသားထဲကို
နင်တချက်လောက်လှည့်ကြည့်ဖူးလား••••••••

နင့်ကြောင့်မျက်ရည်တွေနဲ့
အချိန်တိုင်းအဖော်ပြုနေရတဲ့ချိန်
ကြေကွဲဝမ်းနည်းနေတဲ့
ငါရဲ့မျက်ဝန်းထဲကို
နင်တချက်လောက်လှည့်ကြည့်ဖူးလား•••••••••

ငါ့ကိုမထားခဲ့ပါနဲ့လို့
တောင်းပန်ပြီးဆွဲထားတဲ့
နင့်လက်ကိုဖြုတ်ချပြီးကျောခိုင်းသွားချိန်
ကျန်ရစ်ခဲ့တဲ့ငါ့ဘဝကို
နင်တချက်လောက်လှည့်ကြည့်ဖူးလား••••••••

အထီးကျန်အခန်းကျဉ်းလေးထဲ
ငါတယောက်ထဲလဲပြိုနေချိန်
ငါ့ကိုစာနာမှု့လေးနဲ့
နင်တချက်လောက်လှည့်ကြည့်ဖူးလား•••••••

ခုတော့••••••

ငါတယောက်တည်း
နေသားကျနေတော့မှနင့်ဘက်ကို
တချက်လောက်ငဲ့ကြည့်ပေးပါ
ဆိုတာတော့••••••

တရားရဲ့လားဟာ•••••••••

                                   (A.S.D) အက္ခရာခြူး



ကျ​နော်​ရဲ့ကဗျာနန်​​တော်